Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

(၇၂)နှစ်မြောက်ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားအား ဦးမူးတ ကျေးရွာရှိ ကော်သူလေးအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်။



ဩဂုတ်လ(၁၃)ရက်၊၂၀၂၂ခုနှစ်၊ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ- ကရင်အမျိုးအသားအစည်းအရုံး ဘားအံခရိုင် တပ်မဟာ၇ ထိန်းချူပ်နယ်မြေအတွင်းရှိ ဦးမူးတ ကျေးရွာကော်သူးလေအထက်တန်းကျောင်း၌ သြဂုတ်လ၊ (၁၂)ရက်နေ့ တွင် (၇၂) နှစ် မြောက်ကရင်အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအခမ်းအနားကို ကော်သူးလေစံတော်ချိန် နံနက် (၈) နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး အစီစဥ်အရ ကရင်အမျိုးသားအလံတော်နဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးခဲ့ရသော ကရင်အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များကို တက်ရောက်လာသူများက ဂါရဝအလေးပြုခဲ့ကြပါသည်။

ဆက်လက်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာအား ကေအဲန်ယူဗဟို စည်ရုံးရေးနှင်ပြန်ကြားရေးဌာနခွဲ ဖြစ်သော အသိပညာပေးရေးနှင်ဖွဲ့စည်းတည်ဆောက်ရေး ဒုတာဝန်ခံစောဆာလာမူးမှဖတ်ကြား ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟို စစ်ဌာနချုပ်မှပေးပို့သော သဝဏ်လွှာ၊ ကရင်လူငယ်အစည်းအရုံး (KYO)ဗဟိုမှပေးပို့သောသဝဏ်လွှာနှင့်၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)ဗဟို မှပေးပို့သောသဝဏ်လွှာ များကို သက်ဆိုင်ရာတာဝန် ရှိသူများ အသီးသီးက ဖတ်ကြားခဲ့ပါသည်။

သဝဏ်လွှာများဖတ်ကြားပြီးနောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို)တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဘဏ္ဍာရေးမှူး ပဒိုစောသောသီဘွဲ တို့မှ (၇၂)နှစ်မြှောက်ကရင်အာဇာနည်နေ့ အပေါ် ဂုဏ်ပြုစကားပြောကြားခဲ့ကြပြီး အခမ်းနားအား ကရင်အမျိုးသားသီချင်းဖြင့် သီဆိုကာပိတ်သိမ်းခဲ့ပါသည်။