Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ−ကျုံဒိုးမြို့နယ် ဖားကျကျေးရွာ မှ (၃၆) ကြိမ်မြောက် ချည်ဖြူဖွဲ့ မင်္ဂလာ (ခေါ်) လက်ချည်ပွဲ အခမ်းအနားကျင်းပ

သြဂုတ်လ (၂၅) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကရင်သက္ကရာဇ် (၂၇၆၂) ခုနှစ်၊ ဝါခေါင်လ၊ ခရစ်နှစ်၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ကျရောက်သော (၃၆) ကြိမ်မြောက် ကရင်လူမျိုး၏ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနာအား ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ဖားကျကျေးရွာ မှ သြဂုတ်လ ၂၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသည် ကရင်လူမျိုး၏ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်း တစ်ခုဖြစ်ပြီး နှစ်စဥ် နှစ်တိုင်း ဝါခေါင်လအတွင်း မိမိတို့၏ နေရာဒေသ အသီးသီးတွင် ကျင်းပလေ့ရှိသည်။ ထိုအခမ်းအနားသို့ မြို့နယ်ခေါင်းဆောင်များ၊ KNU−စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ ပြည်သူလူထု နှင့် ကျောင်းသူ ကျောင်းသားပေါင်း ဦးရေ (၄၀၀) ကျော် တက်ရောက်ခဲ့သည်။

ထိုအခမ်းအနားကို ကေအဲန်ယူ−ဒူးပလာယာခရိုင်၊ KNPF−ကရင်အမျိုးသားရဲတပ်ဖွဲ့ ခရိုင်ရဲမှူး ဒု-ဗိုလ်မှူးကြီး စောနေထူးမှ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရခြင်း အကြောင်းအရင်းအား ပြောကြားခြင်း၊ KNU−တပ်မဟာ (၆) KNDO−တပ်ရင်း (၆) မှူး ဒု-ဗိုလ်မှူးကြီး မန်းညွန့်မောင် မှ လက်ရှိ ကာလ နိုင်ငံရေး အခြေအနေ အကြောင်းရင်းအား ပြောကြားခြင်း နှင့် ကေအဲန်ယူ−ဒူးပလာယာခရိုင်၊ ခရိုင်တရားသူကြီးအဖွဲ့ဝင် ပဒို နန်းခင်လှ မှ နောင်လာနောင်သားများ မိမိရိုးရာဓလေ့ ထုံးတမ်းများ မပပျောက်အောင် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ရန် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား၏ ရည်ရွယ်ချက် စသည်များ ပြောကြားပြီး ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းအကြောင်းအရာ နှင့် မှတ်တမ်းဓာတ်ပုံများမှာ ကေအဲန်ယူ - ကျုံဒိုးမြို့နယ်၊ မြို့နယ်ရုံးအုပ် နှင့် ကျုံဒိုးမြို့နယ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတို့မှ ပေးပို့ခြင်းဖြစ်သည်။

သတင်းအရင်းအမြစ် − ဒူးပလာယာခရိုင်−သတင်းနှင့် ပြန်ကြားရေး။