Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ-ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင်ရှိသော ကျေးရွာအုပ်စု အသီးသီးမှ (၇၃) နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနား ဂုဏ်ပြုကျင်းပပြုလုပ်

သြဂုတ်လ (၁၄) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကရင်အမျိုးသားများသည် နှစ်စဥ်နှစ်တိုင်း သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသား အာဇာနည်နေ့အား ကရင်ပြည်နယ်တွင်သာမက နိုင်ငံအသီးသီးတွင်ရှိသော ကရင်ပြည်သူမျာလည်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရသော ကရင့်အာဇာနည်ခေါင်းဆောင်များသို့ အောက်မေ့ သတိရ ဂုဏ်ပြုခြင်း အခမ်းအနားများ ကျင်းပခဲ့ကြသည်။

ထို့အတူ ကေအဲန်ယူ−ကော့ကရိတ်မြို့နယ် ကျေးရွာအုပ်စု အသီးသီးမှလဲ (၇၃) နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့ အခမ်းအနားအား ဂုဏ်ပြုကျင်းပခဲ့ကြသည်။ အဆိုပါ ကျေးရွာအုပ်စုများမှာ စက္ကဝက်၊ ခုဒုံ၊ ဟောင်သရော နှင့် သရက်တော၊ မိဖလှိုင်၊ လန်းဖား၊ မိကသို၊ ကွင်းကလေး၊ ပိုးရင်၊ ကြိတ်ချောင်းဖျား (ကလေဖိုးခီး)၊ ကြိတ်၊ အစွန်း နှင့် အောဖခီးတို့ဖြစ်ကြပြီး အခမ်းအနား ဂုဏ်ပြုကျင်းပသော ကျေးရွာအုပ်စု အသီးသီးသို့ မှတ်တမ်း လိုက်လံစုစည်းချက်အရ ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း တာဝန်ရှိခေါင်းဆောင်များ၊ ပြည်သူလူထု နှင့် ကျောင်းသူကျောင်း သား ပေါင်း (၂၄၃၉) ဦး အခမ်းအနားတက်ရောက် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ကျေးရွာအုပ်စု အသီးသီးမှ ဂုဏ်ပြုကျင်းပသော အခမ်းအနားတွင် ကရင်အမျိုးသား အလံတော် နှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူသွားခဲ့သော ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် တကွ အာဇာနည်သူရဲကောင်းများသို့ ဦးညွတ်အလေးပြုခြင်း၊ ဗဟိုမှ ပေးပို့လာသော သဝဏ်လွှာများ အား ဖတ်ကြားခြင်း၊ လွမ်းသူပန်းခွေများဖြင့် ဂါရဝပြုခြင်း၊ တာဝန်ရှိခေါင်ဆောင်များ မှ အားပေးဂုဏ်ပြု အမှာစကား ပြောကြားခြင်း၊ ဆရာ ဆရာမ များမှ ကျောင်းသူကျောင်းသားများသို့ ကရင်အမျိုးသား ခေါင်းဆောင် နှင့် အာဇာနည်သူရဲကောင်းများအကြောင်း ရှင်းလင်းပြောကြားပေးခြင်း တို့ဖြစ်သည်။

မိမိတို့ ကရင်လူမျိုးများသည် ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး၏ အမှာစကားများနှင့်အတူ အာဇာနည်ခေါင်းဆောင်များ၏ ရပ်တည်ပြောဆို လုပ်ဆောင်ခဲ့သော အရာများအား ပြန်လည်သုံးသပ် သတိရစေပြီး မိမိတို့မှ ပုခုံးပြောင်းတာဝန်ဖြင့် ဆက်လက်ယူဆောင် အရောက်ချီတက်ဖို့ရန် တာဝန်ရှိ ခေါင်းဆောင် အသီးသီးမှ သြဂုတ်လ (၁၂) ရက်နေ့တွင်ကျရောက်သော (၇၃)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားတွင် တိုက်တွန်းနိုးဆော်ခဲ့သည်။

၎င်းအကြောင်းအရာ နှင့် မှတ်တမ်းဓာတ်ပုံများမှာ ကေအဲန်ယူ - ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် မှ ပေးပို့ခြင်းဖြစ်သည်။

သတင်းအရင်းအမြစ်− ဒူးပလာယာခရိုင်−သတင်းနှင့်ပြန်ကြားရေး။