Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Departments

ကော်သူးလေစိုက်ပျိုးရေးမူဝါဒမူကြမ်း အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်အားကျင်းပပြုလုပ်


ဒီဇင်ဘာလ (၂၄) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ ဗဟိုဌာနချုပ်တွင် လယ်ယာဌာနမှ ဦးစီးပြီး ကော်သူးလေစိုက်ပျိုးရေးမူဝါဒမူကြမ်း အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၂) ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ ဗဟိုကော်မတီဝင်များ၊ သစ်တောဌာန၊ သတ္ထုတွင်းဌာန၊ မွေးမြူရေးဌာန၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာန၊ တရားရေးဌာန၊ ကရင်လူငယ်အစည်းအရုံး (K.Y.O)၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှား ဆောင်ရွက်မှုကွန်ယက် (KESAN)၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (K.H.R.G)၊ KORD အစရှိသည့် အဖွဲ့များမှ ကိုယ်စာလှယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ပါသည်။

ဓါတ်ပုံ − ကော်သူးလေစိုက်ပျိုးရေးမူဝါဒမူကြမ်း အလုပ်ရုံ ဆွေးနွေးပွဲပုံရိပ်များ။