Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ထိုင်းမြန်မာနယ်စပ်တစ်နေရာ၌ ကျင်းပပြုလုပ်

ဇန်နဝါရီ (၁၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်တွင်ကျရောက်သော ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ထိုင်းမြန်မာနယ်စပ်တစ်နေရာရှိ ဒုက္ခသည်စခန်း တစ်ခု၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား အစီအစဉ်ကို နံနက် (၅း၃၀) အချိန်တွင်စတင်၍ အခမ်းအနားမှူးအဖြစ် ဆရာစောဆူးခက်မှ ဆောင်ရွက်ခဲ့ပြီးအခမ်းအနား အစီအစဉ်တွင် ကရင့်အမျိုးသားအလံတော် လွင့်တင်ခြင်း (ကျွဲချိုမှုတ်ခြင်း) နှင့် ဗိုလ်ကြီး စောဟဲဝါးမှ ဦးဆောင်ပြီး ကရင်အမျိုးသားအလံတော် အလေးပြုခြင်းများဖြင့် စတင် ခဲ့ပါသည်။

ထို့နောက် အဖွင့်အမှာစကားကို အခမ်းအနားမှူး ဆရာစောဆူးခက်မှ ပြောကြားပြီး ဆရာမ နော်ဆဲထီဘာဒဲမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်း နှင့် ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သော ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း၏ မိန့်ခွန်းကို ဆရာမ နော်ထရီးဇာမှ ဖတ်ကြားခဲ့ပါသည်။

ထိုမှတဖန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှ ခေါင်းဆောင်များဖြစ်ကြသော ပဒို စောကလယ်စေး (KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် /KNU-ကရင်အမျိုးသား အစည်းအရုံးပြောရေးဆိုခွင့်ရှိသူ / KNU-ကရင်အမျိုးသားအစည်းအရုံး လမ်းပန်း နှင့် ပို့ဆောင်ဆက်သွယ်ရေး ဌာန ဌာနမှူး )၊ ပဒို မန်းကေနဒီ ( KNU - ကရင်အမျိုးသားအစည်းအရုံး ဗဟို ကော်မတီဝင် / KNU - ကရင်အမျိုးသားအစည်းအရုံး မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းဌာနဌာနမှူး ) နှင့် ဘာသာရေး ခေါင်းဆောင် ဆရာတော် စောရေးဂျယ် တို့မှ အသီးသီး တိုက်တွန်းအားပေးစကားများ ပြောကြား ခဲ့ကြ ပါသည်။

ထို့နောက် အပိတ်အမှာစကားကို အခမ်းအနားမှူး ဆရာစောဆူးခက်မှ ပြောကြားကာ ကရင်အမျိုးသား သီချင်းကို သီဆိုပြီး သိက္ခာတော်ရ ဆရာတော် စောဆာတူဂေါ် မှ ကောင်းချီးပေးခြင်းဖြင့် အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါသည်။

၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပြည်သူလူထုပေါင်း ၅၀၀ ခန့် တက်ရောက် ဂုဏ်ပြုသည့်အပြင် ကရင်လူငယ်များ နှင့် ကျောင်းသူ/ ကျောင်းသားများလဲ တက်ရောက်ကာ ဂုဏ်ပြု တေးသီချင်းများသီဆိုခဲ့ကြပါသည်။

ဓါတ်ပုံ − ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ထိုင်းမြန်မာနယ်စပ်တစ်နေရာ၌ ကျင်းပပြုလုပ် ခဲ့သောပုံရိပ်များ။