Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

စစ်တောင်းမြစ်အရှေ့ချမ်းဒေသတွင် ကရင်အမျိုးသားသစ်ကူးနေ့ အခမ်းအနားကျင်းပပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များပေါ် ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်


ဇန်နဝါရီလ (၁၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ (၃)၊ ဆောထိမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ ဘက် ခြမ်း ဒေသရှိ ကျေးရွာများ၌ ယနေ့ကျရောက်သော ၂၇၆၃ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသော ပြည်သူ လူထုများမှ ဆန္ဒထုတ်ဖော်ခြင်းများကိုလည်းပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဆောထိမြို့နယ်အမြဲတမ်းကော်မတီဝင်နှင့် စစ်တောင်းမြစ်အရှေ့ခြမ်းဒေသမှူးဖြစ်သည့် ပဒိုအယ်စတား အပါအဝင် ကျေးရွာရှိ ရပ်မိရပ်ဖများ နှင့် ပြည်သူလူထုစုစုပေါင်း (၂၀၀) နီးပါး တက် ရောက်ဂုဏ်ပြုကျင်းပခဲ့ကြပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသတစ်ဝမ်းလုံးတွင် ကရင်အမျိုးသား နှစ်သစ်ကူး နေ့အခမ်းအနားက ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို မနက်အာရုံတက်အချိန်တွင်စတင်ကျင်းပခဲ့ပြီး ကရင်အမျိုးသားလံတော်အား လွှင့်တင် ခြင်းအစီအစဉ်ဖြင့် စတင်ကာ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများအား ပြောပြခြင်း၊ ဝတ်ပြုဆုတောင်ခြင်းတို့ကိုပြုလုပ်ခဲ့ပြီး ကရင်မျိုးသားသီချင်းသီဆိုပြီး အခမ်းအနားကို ရုပ် သိမ်းခဲ့သည်။

အဆိုပါအခမ်းအနား ပြီးဆုံးပြီးသည့်နောက် ပြည်သူလူထုများမှ ၎င်းတို့နေထိုင်ရာ နေရာဒေသများအတွင်း ဖြစ်ပေါ်နေသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပါတ်သက် ပြီး ၎င်းတို့၏ ဆန္ဒသဘောထားအားထုတ်ဖော်ခြင်း အစီအစဉ်တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။

ပြည်သူလူထုများထုတ်ဖော်ခဲ့သော ဆန္ဒသဘောထားများမှာ−
(၁) ကရင်ပြည်ချက်ချင်းပေး
(၂) ကရင်တစ်ကျပ်ဗမာတစ်ကျပ်ချက်ချင်းပြ
(၃) လူမျိုးရေးအဓိကရုန်းအလိုမရှိ
(၄) ပြည်တွင်းစစ်အလိုမရှိ
(၅) စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ ချက်ချင်းရပ်
(၆) ပြည်သူလူထုထံမှအတင်းအဓမငွေတောင်းယူရမ်းကားခြင်းမှ ချက်ချင်းရပ်
(၇) စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ချက်ချင်းရပ်
(၈) အပစ်မဲ့ပြည်သူလူထုများအား အကြောင်းမဲ့ဖမ်းဆီးခြင်းများချက်ချင်းရပ်
(၉) လူအခွင့်အရေးများအားချိုးဖောက်၍ စစ်ရာဇ၀တ်မှုများအားကျူးလွန်နေသော အကြမ်းဖက် စစ်ကောင်စီအား နိုင်ငံတကာမှ အရေးယူဆောင်ရွက်ပေးရေး
(၁၀) အကြောက်တရားကင်းမဲ့စွာပညာသင်ချင်တယ်
(၁၁) အတားအဆီးမရှိဘဲသွားလာလုပ်ကိုင် စားသောက်ချင်တယ် တို့ဖြစ်ကြသည်။

ဓါတ်ပုံ − စစ်တောင်းမြစ်အရှေ့ချမ်းဒေသတွင်ကျင်းပပြုလုပ်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားနှင့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်း ဖက်လုပ်ရပ်များပေါ် ပြည်သူလူထုမှ ဆန္ဒထုတ်ဖော်ခဲ့သော ပုံရိပ်များ။

သတင်းအရင်းအမြစ် − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။