Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

လယ်ဒိုမြို့နယ်၏ ဒုတိယ အကြိမ်မြောက် ကရင်လူငယ်စည်းအရုံး (K.Y.O) ကွန်ကရက် ကျင်းပပြုလုပ် ပြီးစီး

မေလ(၂၅)ရက်၊ ၂၀၂၄ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်အတွင်းရှိ နိုဂေါ(မမယမ်း)အုပ်စု၊နိုဂေါ(မမယမ်း)ကျေးရွာတွင် ကရင်လူငယ်စည်းအရုံး (K.Y.O) နှင့်ပတ်သက်သောအကြောင်းအရာများကို ၂၀၂၄ ခုနှစ် မေလ (၂၀) ရက်နေ့တွင် သင်တန်းပို့ချပေးခဲ့ပြီး လယ်ဒိုမြို့နယ် ကရင်လူငယ်စည်းအရုံး (K.Y.O)၏ ဒုတိယအကြိမ်မြောက် ကွန်ကရက်ကို မေလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၂) ရက်ကြာပြုလုပ်ခဲ့သည်။

ကွန်ကရက်သို့ ကရင်လူငယ်စည်းအရုံး (K.Y.O) ၏ မြို့နယ်၊ ကျေးရွာအုပ်စုတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၉၃)ဦးနှင့် ခရိုင်အဆင့် ကရင်လူငယ်စည်းအရုံး (K.Y.O) ခေါင်းဆောင်(၃)ဦး၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာခေါင်းဆောင် (၃)ဦးနှင့် တပ်ရင်းဘက်မှတပ်ပိုင်းဆိုင်ရာခေါင်းဆောင် (၁)ဦး အပါအဝင် စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

ဒုတိယအကြိမ်မြောက် လယ်ဒိုမြို့နယ် ကရင်လူငယ်အစည်းအရုံး (K.Y.O) ကွန်ကရက်တွင် ရွေးချယ် တင်မြောက် ထားသောကော်မတီဝင်(၇)၏အမည်နှင့်တာဝန်များမှာ
၁.စောဘလယ်စင်-ဥက္ကဌ
၂.နော်သက်သက်ဦး-အတွင်းရေးမှူး
၃.စောတာအယ်ဝါး-စည်းရုံးရေးပညာပေး
၄.စောထွဲမူး-သဘာဝထိန်းသိမ်းကာကွယ်ရေး
၅.စစောမူး-လူမှုရေး
၆.မဝါဝါထွေး-စာရင်းစစ်
၇.နော်ဒါးဂေစေး-စာရင်းကိုင်တို့ဖြစ်ကြသည်။