Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Departments

Demarcation Forestry Training

ဇွန် ၂၂၊၂၀၁၉ခုနှစ်

ကော်သူးလေး ဗဟိုသစ်တောဌာနနှင့် ကရင့်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက်တို့မှပူပေါင်း ပြီးတောင်ငူခရိုင်တွင် ကျေးရွာပိုင်ဘုံသစ်တော ဖွဲ့စည်း သတ်မှတ်နိူင်ရန်အတွက် အထောက်အကူပြုသင်တန်းကို ဇွန်လ ၁ရရက်ကနေ ၂၂ရက် နေ့အထိ နေရာ ၆နေရာကျင်းပပြုလုပ်ခဲ့သည်။

ဇွန်လ ၁၇ ရက်နေ့တွင် ပယ်တော်ဒေးကျေးရွာ၌လည်းကောင်း၊ ၁၈ရက်နေ့တွင် ကစယ်  ဒို မြို့နယ်၊ ၁၉ရက်နေ့တွင် ရှားစေးဘိုကျေးရွာ၊ ၂၀ ရက်နေ့တွင် မော်ဖားဒဲ (ပြောင်သို) ကျေးရွာ၊  ၂၁ရက်နေ့တွင် ရွှေညောင်ပင် ကျေးရွာ၊ ၂၂ရက်နေ့တွင် မြသာကုန်း ကျေး ရွာတို့၌ ကျင်းပခဲ့သည်။

ကျေးရွာပိုင်ဘုံသစ်တောတစ်တော ဖွဲ့စည်းသတ်မှတ်နိုင်ဖို့အတွက် လိုအပ်သော မြေဧကအကျယ်အဝန်း၊ သစ်တောအတွင်း ရှိရမည့်အရာများ၊ နည်းနာများ၊ အတည်ပြုသတ်မှတ်နိူင်ရန် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်များကို ထိုသင်တန်းသို့ ကရင်သဘာဝပန်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ယက်မှ ဆရာမ နော်မီးလေး ကပို့ချခဲ့သည်။

"ကျွန်တော်တို့ရွာလေးရွာဖြစ်တဲ့ ရှားစေးဘို၊ ကစယ်ဒို၊ ပယ်တော်ဒေး၊ ထီးလိုတို့က " လော်မူဒို" ကျေးရွာပိုင်ဘုံသစ်တောကိုဖွဲ့စည်းသတ်မှတ်ပြီးပြီး၊ ဧက ၁၅၀၃၇ ဧက ရှိတယ်။ အတည်ပြုနိူင်ဖို့ မြို့နယ်ကနေတဆင့် ခရိုင်၊ခရိုင်ကနေ ဗဟိုကို တင်ဖို့လုပ် ဆောင်နေပါပြီ။ "လော်မူဒို" ဖွဲ့စည်းသတ်မှတ်ခြင်းက သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောတွေကိုထိန်သိမ်းဖို့အတွက်ပါပဲ။ မဟုတ်ရင် လူတွေက စည်းမရှိကမ်းမရှိ သစ်တောကို ထင်တိုင်းခုတ်ကြ မီးရှိုးကြနဲ့ ကြာလာရင် နှောင်မျိူးဆက်တွေအတွက် ထိခိုက်မှုရှိလာနိူင်တယ်၊ဒါကြောင့်"လော်မူဒို"ဆိုတဲ့ ကျေးရွာပိုင်ဘုံသစ်တောကို ဖွဲ့စည်းသတ်မှတ်အတည်ပြုနိူင်ဖို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း" ပယ်တော်ဒေး ကျေးရွာတွင်ပြုလုပ်သောသင်တန်း၌ ရှားစေးဘိုကျေးရွာမှဆရာနေဘာထူးက ပြောသည်။

မြသာကုန်းကျေးရွာတွင် ပြုလုပ်သောသင်တန်း၌ ဂေဘားကရင်ရေးရာ အတွင်း ရေးမှူးဖြစ်သူ ဆရာအောင်ကူးမှ" အစိုးရမှ မက်သဒိမ်တောင်ဧရိယာ ကြိုးပြင် ကာကွယ်တောကို အတည်ပြုခဲ့ပြီ၊ ဧက ၅၀၀၀၀ ကျော်ရှိတယ်။ အဲဧရိယာ အားလုံးက လူထုပိုင်ခြံမြေတွေပဲ၊ ဒါကိုပယ်ဖျက်ဖို့လွတ်တော်ကိုတင်ပေမဲ့ မရဘူး၊ ဒါကြောင့် ဌာနေတိုင်းရင်းသားပိုင်မြေ ဥပဒေ ထွက်လာဖို့ လုပ်ဆောင်နေကြတယ်။ ယခု သင်တန်း အတွက် အားလုံးပါဝင် ဆွေးနွေးအဖြေရှာကြဖို့ " အသိပေးတိုက်တွန်း စကားဆိုခဲ့သည်။

ထိုသင်တန်းကာလ ၆ ရက်၌ ခရိုင်ဥက္ကဌ၊ ခရိုင်သစ်တောဌာနအတွင်းရေးမှူး ၊ ခရိူင် လယ်ယာနှင့် စိုက်ပျိူးရေးဌာန အတွင်းရေးမှူး ၊ ခရိုင်ပညာရေးဌာနမှူးတို့  လိုက်ပါခဲ့ပြီး ကော်သူးလေးမြေယာပေါ်လစီနှင့် လိုအပ်သည့်အထောက်အကူ အချက်အလက်များကို ရှင်းလင်းချပြခဲ့သည်။