Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

Announcement for Dooplaya District will be expanded do not destroy forests and new plantations

ကေအဲန်ယူ ဒူးပလာယာခရိုင်(၁၆)ကြိမ်မြောက် ကွန်ကရက်အပြီး ခရိုင်သစ်တောဌာန ပထမအကြိမ်အစည်းအဝေးတွင် ဒူးပလာယာခရိုင်အတွင်းရှိ သစ်တောများ မပြုန်းတီးရေးနှင့် သစ်ပင်အသစ်စိုက်ပျိုးခြင်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင် ခရိုင်သစ်တော အတွင်းရေးမှူး ပဒိုစောနေကော်သော မှပြောသည်။

ခရိုင်သစ်တောဌာန အစည်းအဝေးကို ဒူးပလာယာခရိုင် သစ်တောဌာနရုံးတွင် မတ်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကျေးရွာဘုံပိုင်သစ်တောများ တိုးချဲ့ရေး သစ်တောများမပြုန်းတီးရေးနှင့် သစ်ပင်အသစ်စိုက်ပျိုးခြင်းများ တိုးချဲ့ဆောင်ရွက်ရေး၊ သစ်တောကြိုးဝိုင်းဧရိယာများ ပြန်လည်တိုင်းထွာရေး၊သစ်တောကြိုဝိုင်းအတွင်း ဝင်ရောက်နေထိုင်သည့် ဒေသခံပြည်သူများအတွက် လယ်ယာခြံမြေယာယီလုပ်ကိုင်ခွင့်များစီစဉ်ပေးခြင်း၊တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေး တို့ကို အဓိကဆွေးနွေးခဲ့ကြသည်။

ဒေသခံပြည်သူများ အတွက် အမှန်တစ်ကယ်လိုအပ်သည့် အခြေခံအဆောက်အဦးများဖြစ်သည့် နေအိမ်များ၊စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများအတွက် အမှန်တစ်ကယ်လိုအပ်သည့် သစ်များကို ခရိုင်သစ်တောဌာနသို့ တင်ပြပြီး စနစ်တစ်ကျထုတ်ယူနိုင်ရေးတို့ကို ပါဆွေးနွေးခဲ့သည်။

ခရိုင်သစ်တောဌာန အနေဖြင့် စီးပွားဖြစ် ဖြစ်စေ တရားမဝင်သစ်ထုတ်လုပ်ငန်းဖြစ်စေ စသည်တို့ကို လုံးဝခွင့်မပြုထားကြောင်းနှင့် ကေအဲန်ယူ သစ်တောဥပဒေအတိုင် ဆောင်ရွက်နေကြောင်း သိရသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သစ်တောမူဝါဒများ၊ပော်လစီများ၊သစ်တောမပြုန်းတီးရေး၊တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး တို့ကိုလည်း ဒေသခံပြည်သူများ ပိုမိုသိရှိလာအောင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ခရိုင်သစ်တောဌာန အနေဖြင့် ၂ဝ၁၉ ခုနှစ်အတွင်း ကျေးရွာပိုင်ဘုံသစ်တော(၃၉)ခု ဧကပေါင်း(၆၈၄ဝ၆.၂၇၇၃ )ဧက ကိုတိုးချဲနိုင်ခဲ့သည်။
သစ်တောကြိုးဝိုင်းပေါင်း(၂၉)ခုရှိပြီး စာရင်းအတိအကျကောက်ယူနိုင်ခဲ့သည် သစ်တောကြိုးဝိုင်း(၁၉)ခုစာရင်းအရ ဧက(၂၈၃၄၁၁၆.၆၉၃)ရှိကြောင်းသိရသည်။

ဘေးမဲ့သစ်တောကြိုးဝိုင်း(၃)ခုရှိပြီး မက္ကသာဘေးမဲ့သစ်တောကြိုးဝိုင်း(၉၃၃၅၉-ဧက)၊ဆေးတောင်ဘေးမဲသစ်တောကြိုးဝိုင်း(၁၂၀၃၂၆-ဧက) ၊ခွီခို့ဘေးမဲ့သစ်တောကြိုးဝိုင်း(၈၁၄၅၉-ဧက)နှင့် ဖါးဝီး ပရဆေးသစ်တောကြိုးဝိုင်း(၂၆၆၅.၉၁-ဧက) တို့ကို ထိန်းသိမ်းစောင့်ရှောက်နေပြီး ဘေးမဲကြိုးဝိုင်းများအတွင်နေထိုင်သည့် ဆင်၊ကျား၊ဝက်ဝံ၊ကျားသစ်၊ကြံံ့သူတော်၊ပြောင်၊ဂျီ၊ဒေါင်း စသည့် တောရိုင်းတိရိစ္ဆာန် မျိုးစိတ်ပေါင်း ခန့်မှန်း(၁ဝဝ)ကျော်တို့ကိုပါ ထိန်းသိမ်းစောင့်ရှောက်နေကြောင်းသိရသည်။

ရေအရင်းမြစ်များမရှားပါရေး၊ ရှားပါးတိရိစ္ဆာန်များမျိုးမတုန်းစေရေး၊သဘာဝပါတ်ဝန်းကျင် မထိခိုက်စေးရေး၊သစ်တောများမပြုန်းတီးရေး၊သစ်တောများတိုးပွားလာရေး၊သစ်ခိုးထုတ်မှုများအားထိရောက်စွာ အရေးယူနိုင်ရေးတို့ အတွက် ဒေသခံပြည်သူများမှလည်း ခရိုင်သစ်တောဌာန နှင့်အတူ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဖွဲ့စည်းပုံ၏ နယ်မြေအုပ်ချုပ်ရေးစနစ်တွင် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန၊ ကျန်းမာရေးနှင့်ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးဌာန၊ ပညာရေးနှင့်ယဉ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နှင့်ဘဏ္ဍာရေးဌာန ၊ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ဌာန(KNPF) တို့ရှိသည်။

တရားစီရင်ရေးကော်မတီ၊စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ၊ စစ်ကော်မတီ၊ဘဏ္ဍာရေးကော်မတီ တို့လည်းရှိကြပြီး ဒူးပလာယာခရိုင်အတွင်းရှိ ထိန်းချုပ်နယ်မြေမှ ပြည်သူများကို ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။

၃၊ မတ်၊၂ဝ၂ဝ၊ ဒူးပလာယာ