Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

Awareness Health Education and 14-Day Monitoring on COVID-19 in Mon + Karen joint territory

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊မွန်+ကရင်ပူးတွဲအုပ်ချုပ်ရေး(တောင်ပေါက်-၂၄ရွာ) နယ်မြေအတွင်း COVID-19 ဆိုင်ရာ ကျန်းမာရေး အသိပညာပေးမှုများ၊ (၁၄)ရက်တာစောင့်ကြည့်စခန်းစစ်ဆေးခြင်းများ ကို မွန်+ကရင်ပူးတွဲအုပ်ချုပ်ရေး ဥက္ကဌ ပဒိုစောဝါးတားတား(ခ) စောကလို့ကညော မှ ဧပြီလ၊(၉)ရက်၊(၁၀)နေ့က လုပ်ဆောင်ခဲ့သည်။

ဒူးပလာယာခရိုင်၊ဝင်းရေးမြို့နယ်၊မွန်+ကရင်ပူးတွဲအုပ်ချုပ်ရေးနယ်မြေအတွင်း COVID-19 ဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှုများ၊ဒေသအတွင်းလိုက်နာရန်စည်းကမ်းများ ကို အသိပေး အကြောင်းကြားထားပြီး ကျန်းမာရေးဆိုင်ရာလမ်းညွန်ကြားချက်များကို လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများထက် အမျိုးသားရေးအသိစိတ်ဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် မွန်+ကရင်ပူးတွဲအုပ်ချုပ်ရေး ဥက္ကဌ ပဒိုစောဝါးတားတား(ခ) စောကလို့ကညော မှ ထုတ်ပြန်ထားသည်။

ကျန်းမာရေး အခက်အခဲ တစ်စုံတစ်ရာရှိပါက နီးစပ်ရာ ကေအဲန်ယူ ဂိတ်စခန်းများ၊ မွန်+ကရင်ပူးတွဲအုပ်ချုပ်ရေး(တောင်ပေါက် ၂၄ရွာ) ရုံးနှင့် နီးစပ်ရာ ကေအဲန်ယူ တပ်ရင်း၊တပ်ခွဲများထံ အမြန်ဆက်သွယ်အကြောင်းကြားပြီး အကူအညီတောင်းခံပါရန် အသိပေးထားပြီဖြစ်သည်။

အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ
ရုံးဖုန်း-၀၉၂၅၅၉၆၉၁၆၃
ခွဲ(၁) ဒုခွဲမှူး(၀၉၇၈၁၆၁၈၇၀၅)
ဝင်းရော်ဆိပ်ကြီးဂိတ်(၀၉၇၆၆၈၀၆၄၃၈)
သံပုရာလုံခြုံရေးဂိတ်(၀၉၄၀၆၉၉၅၁၂၀)

၁ဝ၊ ဧပြီ၊ ဝင်းရေးမြို့နယ်