Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ခရိုင်တာဝန်ရှိ ခေါင်းဆောင်တစ်ချို့ နှင့် မြို့နယ်တာဝန်ရှိခေါင်းဆောင်တို့မှ ဦးစီး၍ (၇၆) ကြိမ်မြောက် ကရအမျိုးသားတော်လှန်ရေးနေ့အား ကော့ကရိတ်မြို့နယ်တွင် ပြုလုပ်ကျင်းပ။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သော (၇၆) ကြိမ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့အား ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ခရိုင်တာဝန်ရှိ ခေါင်းဆောင်တစ်ချို့ နှင့် မြို့နယ်တာဝန်ရှိခေါင်းဆောင်တို့မှ ဦးစီး၍ ပြုလုပ်ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ ခရိုင်တာဝန်ရှိခေါင်းဆောင်များ၊ မြို့နယ်တာဝန်ရှိခေါင်းဆောင်များ နှင့် ကျေးရွာ အသီးသီးရှိ ကျေးရွာစာသင်ကျောင်း (၆) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ ကော့ကရိတ်မြို့နယ် ကျော့ထကျေးရွာအုပ်စု နှင့် ထောဝါးလော်ကျေးရွာအုပ်စုတို့မှ ကျေးရွာ (၁၆)ရွာရှိ ရွာသူရွာသားများ စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက်ခဲ့သည်။
ထိုအခမ်းအနားတွင် ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ အဖွင့်မိန့်ခွန်းအဖြင့် သဘာပတိ ပဒို့စောထူးထူးအဲ့မှ ပြောကြားခြင်း၊ တော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံအား ဆရာဒိုးကအိုးမှ ပြောကြားခြင်း၊ လမ်းညွန်အမှာစကားအဖြင့် ပဒို့စောချာလပတ်မှ ပြောကြားခြင်း နှင့် ကေအဲန်ယူ ဗဟို ဥက္ကဌ နှင့် ကရင်အမျိုးသမီးအစည်းအရုံး၏ သဝဏ်လွှာများအား ဖတ်ကြားခြင်း စသည့် အစီအစဥ်များအပြင် တက်ရောက်လာသော ကျေးရွာစာသင်ကျောင်း (၆) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများသို့ ပျော်ရွှင်ဖွယ်ရာ အစီအစဥ်များ ပြုလုပ်ပေးခြင်း၊ ကျောင်းသား/ ကျောင်းသူ လူငယ်များ လမ်းမှားမရောက်စေရန် ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးခြင်း နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း စသည့်အစီအစဥ်များဖြင့် ထည့်သွင်းပြုလုပ်ကျင်းပခဲ့သည်။