Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

ဇွန်လ(၁၀)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ခလရ-၆၀၊ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ပြီး အင်း နက်ကျေးရွာအုပ်စု၊ ငဗြက်အင်းကျေးရွာအနီးအနားတွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ချသည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၆၀သည် ကျောက်ကြီးမြို့၊ ဆိပ်ကြီးတွင် နေရာချထားပြီး ယနေ့နေ့လည်(၂)နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီး ၆၀-မမ သုံးလုံးဖြင့် ပစ်ချခဲ့သည်။ ၎င်းပစ်ချမှုကြောင့် မည်သည့်ထိခိုက်ပျက်စီးမှုမရှိသော်လည်း ကျေးရွာပြည်သူလူထုများမှ ထိတ်လန့်ကြောက်ရွံ့ပြီး စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရန်အတွက် အခက်အခဲဖြစ်စေသည်။ မေလ(၁၂)ရက်နေ့တွင် ၎င်းအာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဒလဆိပ်ကျေးရွာအုပ်စုနှင့် အင်းနက်ကျေးရွာအုပ်စုတွင် စစ်ရေးအရ ထိုးစစ်ဆင်လာသောကြောင့့်် ဒေသအတွင်း ပြည်သူ လူထု၏ လူမှုဘဝလုံခြုံရေး တာဝန်ယူ... ...

Read More
News
စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ရက် ကေအဲန်ယူ - ဗဟိုဇွန်လ (၇)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်ထိန်းချုပ်နယ်မြေဖြစ်သော ဒေါင်းတောင်(လက်ပံပင်ရွာ နှင့် ဘိုက္ကားကျေးရွာအကြား)၌ စစ်အင်အားအပြည့်ဖြင့် မောင်း နှင် လာသော စစ်ကောင်စီယာဥ်တန်းကို ကရင့်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA) နှင့်ပူးပေါင်း တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၁၀) ဦးသေကာ၊ (၁၅) ဦးထိခိုက်ဒဏ်ရာရသည်ဟု မြေပြင်တပ်မှူးများထံမှသတင်းရရှိသည်။အဆိုပါ စစ်ကောင်စီ ယာဥ်တန်းသည် စစ်အင်အားအပြည့်ဖြင့် ပဲခူးမှ သထုံဖက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ပြီး ဒေါင်းတောင် သို့အရောက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ထို့နောက် စစ်ကောင်စီယာဥ်တန်းနှင့် KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး KNLA နှင့်ပူးပေါင်းအဖွဲတို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာခဲ့သည်ဟု ကေအဲန်ယ... ...

Read More
News
စစ်ကောင်စီ ခမရ အမှတ် (၉)စခန်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူလူထု (၃၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက် ကေအဲန်ယူ - ဗဟိုအာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉)တပ် (ဝီယော်)စခန်းမှ ဇွန်လ (၁)ရက်နေ့မှစကာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေမှုများကြောင့် ကေအဲန်ယူ-သထုံမြို့နယ်၊ ဝီယော် ကျေးနယ်အုပ်စုရှိ ကျေးရွာ (၄)ရွာမှ ဒေသခံ (၃၀၀၀ )ဦးကျော် ဘေး လွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။စစ်ဘေးရှောင်ပြည်သူများမှာ ဝီယော်ကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာ တို့မှဖြစ်ပြီး အများစုမှာအနီးအနားကျေးရွာများမှ ဆွေမျိုးများထံသို့ ထွက်ပြေး တိမ်း ရှောင်နေကြရကာ တစ်ချို့မှာလည်း နီစပ်ရာ မြို့များတွင် သွားရောက်ခိုလှုံနေကြရသည်ဟုသိရသည်။မိုးတွင်းကာလဖြစ်၍ စစ်ဘေးရှောင်ပြည်သူများမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ-သထုံမြို့နယ်ခေါင်းဆာင် တစ်ဦးမှ "မိုးတွင်းဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလုံ၊ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ် တယ်... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်ဖွဲ့မှ အရပ်သား (၁)ဦးကိုသတ်ဖြတ်ကာ (၁)ဦးကိုဖမ်းဆီးထား

၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ရက် ကေအဲန်ယူ - ဗဟိုအာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်ဖွဲ့(ဝီယော်စခန်း)မှ အရပ်သား (၁)ဦးကိုသတ်ဖြတ်ကာ (၁)ဦးကိုဖမ်းဆီးထားကြောင်း ကေအဲန်ယူ-သထုံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနတာဝန်ရှိသူကသတင်း ပေးပို့ထားသည်။ ဇွန်လ (၂)ရက်နေ့က လေးကေ ကျေးရွာနေ အသက် (၃၅)နှစ်အရွယ်ရှိစောသန်းလေးအား ခမရ အမှတ် (၉) စစ်ကြောင်းမှူး သီဟဇော်၏ လက်အောက်ခံတပ်သားမှ ဝီယော်ကျေးရွာ တံတားတွင် သေနတ်ဖြင့် ပစ်ခတ်ရာ ပြင်းထန် ဒဏ်ရာရရှိခဲ့၍ နီးစပ်ရာ ပြည်သူများက သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးခဲ့သော်လည်း ဇွန်လ (၃) ရက်နေ့ နံနက်အစောပိုင်းတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။ဇွန်လ (၂) ရက်နေ့ နံနက် ၈နာရီခွဲ ဝန်းကျင်တွင် ကေအဲန်ယူ-သထုံမြို့နယ်၊ ပနကူးထီး ကျေးရွာသား စောကြည်သည် ဆိုင်ကယ်မောင်းနှင်လာစဥ် ဝီယော်ကျေးရွာအတွင်း စခန်းချတပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီ ခမရ အမှတ် (၉) တပ်မှ ဖမ်းဆီးထားခဲ့သည်။ဇွန်လ (၁)... ...

Read More
News
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ခုနှစ်၊မေလအတွက် တိုက်ပွဲသတင်းချုပ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ၊နယ်ခြားစောင့်တပ် (BGF) များအကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ၂၀၂၂ခုနှစ် မေလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြီး၊တိုက်ပွဲငယ်စုစုပေါင်း (၄၄၈)ကြိမ်ဖြစ်ပွားခဲ့ပါသည်။အာဏာသိမ်းစစ်ကောင်စီတပ်များ၊နယ်ခြားစောင့်တပ် (BGF) များဘက်မှ (၃၀၃) ဉီးသေဆုံးပြီး (၂၁၅)ဉီးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင် အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူပေါင်းတပ်ဖွဲ့များများဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၇) ဉီးအသက်စွန်ခဲ့ ပြီး(၂၆)ဉီးထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လေယဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မ... ...

Read More
News
ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ဒေသခံတစ်ချို့တိမ်းရှောင်နေရ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ရက်၊ သထုံခရိုင်။ဇွန်လ (၂) ရက်နေ့က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ဒေသခံတစ်ချို့တိမ်းရှောင်နေရသည်။ဇွန်လ (၂) ရက်နေ့ အင်အား (၂၀၀) ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ကေအဲန်ယူ- ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်ရှိ ဧက ၁၀၀ ကျောက်မိုင်းဖက်သို့တက်လာပြီး နံနက် ၈ နာရီ ဝန်းကျင်တွင် မုပ္ပလင်လမ်းဆုံမှ လက်နက်ကြီး (၁၂၀မမ) များဖြင့် (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲမှ သတင်းပေးပို့သည်။အာဏာသိမ်း စစ်ကောင်စီတပ်များမှ ကျိုက်ထိုမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ထိခိုက်ပျက်စီးမှုကြီးကြီးမားမား မရှိသေးသော်လည်း ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ...

Read More