၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၆) ရက်၊ ကေအဲန်ယူ-ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၅ ခုနှစ် ဧပြီလ (၂) ရက်နေ့မှ (၂၂) ရက်နေ့အတွင်း တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေငြာထားသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ ပြည်သူလူထုပိုင်အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိန်းခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ် ပေါင်းများစွာကို (၁၁၀) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့သည်။လေကြောင်းမှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို (၆၃) ကြိမ် ပြုလုပ် ခဲ့ပြီး ထိုလေကြောင်းတိုက် ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၁၄) ဦး နှင့် ကိုရင် (၁) ပါး သေဆုံးခဲ့ကာ ဦးပဇ္ဇင်း (၂) ပါး၊ ကိုရင်ကြီး (၁) ပါး နှင့် အရပ်... ...
တကီၢ်ခါတၢ်အိၣ်သးခဲအံၤန့ၣ် ကညီကီၢ်စဲၣ်ပူၤတၢ်လီၢ်အါတီၤ တၢ်ဒုးဆူၣ်အိၣ်ထီၣ်၀ဲအဖီခိၣ် သုးမီၤစိရိၤ တၢ်ပညိၣ်လိၤလိၤဆူ ထံဖိကီၢ်ဖိကမျၢၢ်သ့ၣ်တဖၣ်အိၣ်တၢ်အလီၢ် တၢ်မၤလိကၠိလီၢ်, သီခါဖၠၣ်, ကၠိဘါယွၤသရိၥ်, ကမျၢၢ်ဃ့ၢ်မှံဟးဖျိးအိၣ်တၢ်လီၢ်တဖၣ် ခးလီၤကျိဖးဒိၣ်ဒီး ခးလီၤတၢ်လၢကဘီယူၤ အိၣ်ထီၣ်၀ဲန့ၣ်လီၤ.ပှၤသူၣ်ဆူၣ်သးဆူၣ်ဟူးဂဲၤ လၢပှၥ်ယဲၤတၢ်ကစီၣ်သန့တဖၣ် တၢ်ဟံးန့ၢ်တၢ်ကစီၣ်ဒီး တီၣ်ထီၣ်ဆူကလံၤကျါန့ၣ် ဒ်သိးသုတကဲထီၣ် တၢ်ဟ့ၣ်တၢ်ကစီၣ်ဆူ သုးမီၤစိရိၤအအိၣ် လၢကဟဲခးလီၤတၢ်ဖဲ ထံဖိကီၢ်ဖိကမျၢၢ်အိၣ်တၢ်အလီၢ် တဂ့ၤအဂီၢ် မ့ၢ်တၢ်ဒုးသ့ၣ်ညါ လၢကပၥ်သူၣ်ပၥ်သးအီၤန့ၣ်လီၤ.လၢန့ၣ်အမဲၥ်ညါ ထံဖိကီၢ်ဖိကမျၢၢ်တဖၣ်အဂီၢ်တခီ သုကအိၣ်စီၤစုၤဒီး တၢ်သူၣ်ထီၣ်ဘှီထီၣ်လၢ သုးမီၤစိရိၤ ပညိၣ်၀ဲတဖၣ် ဒီး မ့တမ့ၢ်လၢ တၢ်ဂ့ၢ်အရ့ဒိၣ်ဘၣ်န့ၣ် သုတလဲၤထီၣ်က့ၤလီၤတဂ့ၤအဂီၢ် မ့ၢ်တၢ်ဒုးသ့ၣ်ညါ န့ၣ်လီၤ. ...
ဇန်နဝါရီလ (၂၄) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း ဝင်ရောက်ကျူး ကျော် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထပ်မနည်း ဖြစ်ပွားခဲ့ သည်။တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များထံမှ အရာရှိ အရာခံများအပါအဝင် တပ်သာ (၃၁၃၆) ဦး ထပ်မနည်း သေဆုံးခဲ့ရပြီး (၂၂၂၅) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ရာနှင့်ချီသော ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်... ...
အမေရိကန် နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန် (Mr. Tom Sullivan) နှင့် မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး လုပ်လိုသည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် အွန်လိုင်းဖြင့် တွေ့ဆုံခဲ့ပြီး ကေအဲန်ယူ -ကရင်အမျိုးသားစည်းအရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် နှင့် နိုင်ငံခြားရေး ဌာနမှူး ပဒိုစောတောနီးတို့မှ ထိုတွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။လက်ရှိ အမေရိကန်၏ မူဝါဒ၊ ဒီမိုကရေစီ လိုလားသည့် တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ဖွဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစီအမံ၊ ဒေသန္တရအုပ်ချုပ်ရေး မြှင့်တင်ရေး နှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ အကြမ်းဖက် စစ်အစိုးရအပေါ် ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရန် အရေးကြီးလုပ်ဆောင်ရမည်ဖြစ်... ...
ဇူလိုင်လ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ များအတွင်း သို့ ကျူးကျော် ဝင်ရောက် တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၁၈၂၇) ပွဲခန့် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ (၁၉၀၃) ဦးခန့် အသက် သေဆုံးခဲ့ရပြီး (၁၂၇၅) ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ရသည်။ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ (၈၁) ဦးခန့်မှာ တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးလှူခဲ့ရပြီး (၂၉၈) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသည်။ ...
ဇူလိုင်လ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၄ ခုနှစ် ပထမ (၆) လ အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးနှင့် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား (၁၀) မျိုး ထပ်မနည်းကို ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးဗဟို၏ မှတ်တမ်း အချက်အလက်များအရ သိရသည်။၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ−(၁) ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း −၈၅၀ ကြိမ်(၂) ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၂၄၉ ကြိမ်(၃) ပြည်သူလူထုများအား Drone ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၀၆ ကြိမ်(၄) ပြည်သူလူထုများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း − ၁၁ ကြိမ်(၅) ပြည်သူလူထုများ အသုံးပြုသောလမ်းတွင်မိုင်းထောင်ခြင်း − ၃၇ ကြ... ...