Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
စစ်ကောင်စီ(လေးကေ)စခန်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁)ဦးဒဏ်ရာရ၍ အိမ် (၂)လုံးထိမှန်ပျက်စီး


၂၀၂၂ ခုနှစ်၊ ဇွန်၂၂ရက်၊ ​ကေအဲန်ယူ - ဗဟို
ဇွန်လ (၂၂) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီ (လေးကေ)စခန်းမှ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ဦးဒဏ်ရာရ၍ အိမ် (၂) လုံးထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီဖက်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းစောကျေးရွာတွင်နေထိုင်သူ အသက် (၂၈) နှစ်အရွယ်ရှိ နော်မာသက်၏ ညာဖက်ခြေခုံအား လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပြီး ၎င်း၏ နေ အိမ် နှင့် နော်ကော်၏နေအိမ်မှာလည်း လက်နက်ကြီးစထိမှန်ခဲ့သည်။ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် မင်းစောကျေးရွာ ရွာသားတစ်ဦးအားမေးမြန်းကြည့်ရာ "အမျိုးသမီး တစ်ယောက် ခြေထောက်ထိတယ် သူ့မှာ (၂)လအရွယ်ကလေးငယ် လေးလည်းရှိနေတော့ စိုးရိမ်ရတာပေါ့၊ လက်နက်ကြီးက ရွာထဲမှာ (၃)လုံးပေါက်ကွဲတယ်၊ အိမ်ကတော့ (၂)လုံးထိတာပေါ့ တစ်ခြားထိခိုက်တာတွေလည်းရှိသေးတယ်"ဟုပြောသည်။

လေးကေ စစ်ကောင်စီစခန်းမှ လက်နက်ကြီး ပစ်ခတ်သည့်အချိန်သည် နံနက်ပိုင်း ကျောင်းသားများ စာသင်ကျောင်းတက်ချိန် ဖြစ်၍ စာသင်ကျောင်းအားခေတ္တပိတ်ထားရသည်ဟု ရွာသားတစ်ဦးမှ ပြောသည် ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း စခန်းချတပ်စွဲထားသော လေးကေစစ်ကောင်စီစခန်းအား ဇွန်လ (၂၂) ရက်နေ့ (၁၁)နာရီ ဝန်းကျင်က နယ်မြေခံ KNDO/KNLA နှင့် ပူးပေါင်းတပ် ဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့၍ စစ်ကောင်စီဖက်မှ (၂)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ(လေးကေ)စခန်းမှ မင်းစောကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။