Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
စစ်ကောင်စီနှင့် လက်အောက်ခံ BGF တပ်ဖွဲ့များ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း ပြည်သူလူထုထံမှ အဓမ္မငွေကြေး တောင်းယူမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေ


၂၀၂၂ ခုနှစ်၊ မေလ ၁၃ရက်၊ သထုံခရိုင်။
အာဏာသိမ်း စစ်ကောင်စီနှင့် လက်အောက်ခံ BGF တပ်ဖွဲ့များသည် ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာမှ ရွာလူကြီးများကို မေလ (၁၂) ရက်နေ့က မိတ္ထိလာရွာ (ဘုရားကုန်း BGF စခန်း)တွင်ခေါ်ယူတွေ့ဆုံကာ အဓမ္မငွေကြေး တောင်းယူမှုများလုပ်ဆောင်လျှက်ရှိသည်။
"မေလ (၁၂) ရက်က မိထ္ထီလာရွာ(ဘုရားကုန်း BGF-၁၀၁၄)စခန်းမှာ ကျေးနယ် (၂) ခု၊ ကျေးရွာ ၁၅ ရွာက ရွာလူကြီးတွေကို ခေါ်ပြီးတော့ ပိုက်ဆံ (၁၄၃) သိန်းကို (၃)ရက်အတွင်းတောင်းတယ်၊ လက်နက်ပြပြီးတောင်းတာဆိုတော့ မပေးပဲနဲ့လည်း မနေရဲကြလောက်ဘူး၊ နောက်ပြီးတော့ လူထုကလည်းခက်ခဲနေတဲ့အချိန်လေ " ဟု ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မှပြောသည်။
ဝဲပျံကျေးနယ်အတွင်းရှိ ဘုရားစင်ရွာမှ (၅) သိန်း၊ ဝဲပျံရွာမှသိန်း(၂၀)၊ ပေပင်ဆိပ်ရွာမှ (၁၂)သိန်း၊ မိတ္ထလာရွာမှ (၅) သိန်း၊ အထက်မိဇိုင်းနှင့်အောက်မိဇိုင်းရွာတို့မှ (၁၂) သိန်း၊ မိဇိုင်းတောင်ခြေရွာမှ (၅) သိန်း၊ တုတ်ကြီးရွာမှ (၁၂) သိန်း၊ ဖားဘောင်ရွာမှ (၁၅) သိန်းနှင့် တကောင်ဘိုးကျေးနယ်တွင် ဝဲပျံချောင်းဝရွာမှ (၅) သိန်း၊ ဂျို့ပင်ဆိပ်ရွာမှ (၁၁) သိန်း၊ မြိုင်ကျေးရွာမှ (၆) သိန်း၊ စစ်ချောင်း ရွာမှ (၅) သိန်း၊လက်ပံတန်းရွာမှ (၅) သိန်း၊ ကုန်းတန်းကြီးရွာမှ (၁၅) သိန်း၊ မီးပုံးရွာမှ (၁၀) သိန်း စုစုပေါင်း (၁၄၃) သိန်းပေးရန် (စစ်ကောင်စီ-BGF -၁၀၁၄) တပ်ဖွဲ့များမှ အဓမ္မတောင်း ယူ ထားကြောင်း ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းနှင့် ပြန်ကြားရေး ဌာနခွဲက သတင်းပေးပို့ထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ-သထုံခရိုင် ဥက္ကဌ ပဒိုစောစိုးမြင့်က"ဒါကလူ့အခွင့်အရေးချိုးဖောက်တာပဲ၊ အဓမ္မကျူးလွန်တာပဲ၊ လက်နက်ကိုင်ပြီးတော့ လူထုကိုဒီလိုအနိုင်ကျင့်နေတာ"ဟု ပြောသည်။
ထို့အပြင် မေလ (၅)ရက်နေ့ကလည်း လေးကေ BGF စခန်းသို့ စစ်ကူလိုက်လာသော (BGF-၁၀၁၄)နှင့် စစ်ကောင်စီ ပူးပေါင်းတပ်များမှ ကေအဲန်ယူ-ဖားအံမြို့နယ်၊ ဟတ္တလိုက်ကျေးနယ်အုပ်စု အတွင်းရှိ ဒေသခံများပိုင်ဆိုင်သော ရာဘာခြံ (၁၃)ဧကကျော်ကိုလည်း မီးရှို့ဖျတ်ဆီးသွားကြောင်း ဖားအံမြို့နယ်သတင်း တာဝန်ခံကပြောသည်။
စစ်ကောင်စီ လက်အောက်ခံ (BGF-၁၀၁၄) တပ်ရင်းကို ဦးဆောင်သူမှာ BGF ဗိုလ်မောင်ချစ်ဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် ကေအဲန်ယူ-ဖားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်း၌ လူ့အခွင့်ရေးချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေသည့် အဖွဲ့ဖြစ်သည်။