Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပစ်ချ ဖျက်စီးနိုင်။

ဇန်နဝါရီလ (၂၉) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

၂၉ ရက်၊ ၁ လ၊ ၂၀၂၄ ခုနှစ်၊ မွန်းလွဲ (၂:၀၀) နာရီ ဝန်းကျင်၌ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) KNLA - ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်း ပစ်ချ ဖျက်စီးနိုင်ခဲ့သည်။
အဆိုပါ ဖြစ်စဥ်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် အမှတ် (၃၂) ဗျူဟာပူးပေါင်းတပ်ဖွဲ့မှ ကေအဲယူန် - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော မော်လမြိုင် ရတခတက် Mi - 35P Attack Helicopter (၁) စီး နှင့် Eurocopter 365 (၁) စီးတို့အား (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ Eurocopter 365 (၁) စီးအား ပစ်ချနိုင်ခဲ့ပြီး ထိုလေယာဥ်တွင် လိုက်ပါလာသော ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ဗိုလ်မှူး (၃) ဦး နှင့် ဗိုလ်ကြီး (၁) ဦး စုစုပေါင်း (၅) ဦး သေဆုံးကာ (၁) ဦး ဒဏ်ရာရခဲ့သည်။

ဤသတင်း အချက်အလက်နှင့် ဓာတ်ပုံမှာ (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပေးပို့ခြင်းဖြစ်သည်။

ဓာတ်ပုံ - (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပစ်ချ ဖျက်စီးခဲ့သော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ Eurocopter 365 လေယာဥ် အပိုင်းအစများ။

သတင်းအရင်းအမြစ် − ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။