Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
၂၀၂၂ခုနှစ် ဧပြီလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် လုယက်မှုများသတင်း။


၂၀၂၂ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီမှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများကို နေ့စဥ်ပြုလုပ်ခဲ့ပါသည်။ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာသူ (၁၇) ဦးရှိပြီး အိမ် (၁၀) လုံးထိမှန်ပြီး ဆိုင်ကယ် (၁) စီးပျက်စီး၊ စပါးကြိတ်စက်(၁)လုံးပျက်စီး၊ နွား(၁၅)ကောင်ထိမှန်၊ကျွဲ(၃)ကောင်ထိမှန်၊ ဆိုလာကြီး(၂)ချပ်ထိမှန် ပျက်စီးခဲ့သည့်အပြင် သစ်စက်များပျက်စီးခြင်း၊ ဘုန်းကြီးကျောင်း(၁)လုံးပျက်စီးခြင်း၊ ပြည်သူလူထု လုပ်ငန်းခွင်ထဲသို့ ၊ တောင်ယာခင်းများထဲသို့ ၊ ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခြင်းတို့ကြောင့် ကျေးရွာသူရွာသားများအလုပ်ပျက်ခြင်းနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။
စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ပစ်သတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ(၅)ဦး သေဆုံးခဲ့ပါသည်။ ထို့အပြင် အကြောင်းမဲ့ရိုက်သတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ(၁)ဦးသေဆုံးခဲ့ပါသည်။
စစ်ကောင်စီတပ်မှ အကြောင်းမဲ့ မီးရှိုခြင်းကြောင့် အိမ်(၁၅)လုံးနှင့် ငွေသား သိန်း (၂၄၀)၊ ရွှေ (၄) ကျပ်သား၊ ဆိုင်ကယ်(၁၀)စီး၊ကား(၁)စီးတို့ ပျက်ဆီးဆုံးရှုံးခဲ့ပါသည်။ စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၆ ဦး အားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
BGFတပ်မှ မိုင်းထောင်ခြင်းကြောင့် နွားတကောင်သေဆုံးခဲ့ပါသည်။ ဧပြီလ(၁၁)ရက်နေ့က တပ်မဟာ(၁)အုပ်ချုပ်မှုနယ်မြေအတွင်းတွင် ကခလရ (၈) တပ်ဖွဲ့ဝင်များသည် ခဲမော့ကျေးရွာ ဈေးဆိုင်တွင်ဝင်လာပြီး ဈေးဆိုင်တွင်ရှိသော ဖုန်း(၅)လုံးကို အတင်းအဓမ္မသိမ်းယူခဲ့ပါသည်။ ဧပြီလ(၁၅)ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်တွင် စကစ အမြောက်တပ် ၃၁၄ သည် ကျသရော ရွာအတွင်း သို့ဝင်လာပြီး ရွာသာများကိုတစ်နေရာထဲသို့ခေါ်စုပြီး သေနတ်များအချက်ပေါင်းများ ပစ်ဖောက်ခြိမ်း ခြောက်ပြီး ကျေးရွာအတွင်းရှိ ဈေးဆိုင်းများ အတွင်းရှိပစ္စည်များကို အတင်းအဓမ္မလုယူခဲ့သည်။ အတင်းအဓမ္မပစ္စည် ယူခံရသောလူများမှာ ဒေါ်ပျို ဖုန်း(၃)လုံး၊နော်ဖော်ဒေညား ဖုန်း(၁)လုံး၊စောပါးခိုင် ဖုန်း(၁)လုံး၊ နော်ကော်လားမူ ဖုန်း(၁)လုံး၊စောနယ်ဝေး ဖုန်း (၁)လုံး၊ နော်ဖော်မွီး ငွေ (၅) သောင်း၊ မူယဖဲဆိုင်အတွင်းတွင်ရှိသောဖုန်းငွေဖြည့်ကတ်အားလုံးကိုယူသွားခဲ့ပါသည်။ သန်းထိုက်အောင်၏ ငွေ တစ်သောင်းခွဲကိုလည်း စကစ အမြောက်တပ် ၃၁၄ မှ စစ်သားများမှ ယူသွားခဲ့ပါသည်။
ဧပြီလ(၃)ရက်နေ့က ကေအဲန်ယူ တပ်မဟာ(၆)အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီဘက်မှ ကွီးလေးရွာသား(၃)ဦးနှင့် ကျွဲခြံရွာသား(၁၅)ဦးတို့ကို လူသားဒိုင်းကာအဖြစ်နှင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုသူတို့အထဲမှ(၁၆)ဦးကို သဲချောင်းကြီးကျေးရွာအရောက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ကွီးလေးကျေးရွာမှ မောင်မောင်(၄၀)နှစ် နှင့် ကျွဲခြံကျေးရွာမှ ဦးမိုးလွင်(၃၀)နှစ် များကို လူသားဒိုင်းကာအဖြစ်နှင့် ဆက်လက်ပြီးတော့ခေါ်ဆောင်သွားခဲ့ပါသည်။
ဧပြီလ(၈)ရက်နေ့က ကေအဲန်ယူ တပ်မဟာ(၆)အုပ်ချုပ်မှုနယ်မြေအတွင်း ကွီးဖောဆွဲရွာတွင်ဝင်ရောက် တပ်ဆွဲသော စစ်ကောင်စီတပ်များသည် မောခီးရွာသား စောလီလဲ(၂၅)နှစ်ကို လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
ဧပြီလ(၂၁)ရက်နေ့က ကေအဲန်ယူ တပ်မဟာ(၁)အုပ်ချုပ်မှုနယ်မြေအတွင်း ဖားအံမြို့နယ်တွင် ဦးစီးအရာရှိအောင်မင်းစိုး (မြို့ပြ/လမ်းဦးစီးဌာန) မှ နိုခလိကျေးရွာအုပ်စုအတွင်းရှိ သရိုကပလောရွာရှိ ဦးကြင်လင်၏အဖေထံသို့ ကမမောင်း - ဖာပွန် လမ်းမအပေါ်ရှိ ဈေးဆိုင်များအား ဥပဒေနှင့်မညီသောကြောင့် (၂၈.၄.၂၀၂၂) အမှီပြောင်းရွှေပေးရန် နှင့် မပြောင်းရွှေ့ပါက ဥပဒေအရ အရေးယူမည် ဟူသောစာကိုပေးပို့ခဲ့ပါသည်။ ပြောင်းရွှေ့ပေးရမည့် အိမ်အရေအတွက်မှာ အလုံး (၄၀ )ဖြစ်ပြီး အမျိုးသမီး(၁၃၆)ယောက်၊ အမျိုးသား(၈၈)ယောက်၊ စုစုပေါင်း(၂၂၄)ဦးတို့မှာပြောင်းရွှေ့ပေးရမည့်လူအရေအတွက် ဖြစ်ပါသည်။