Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ကတိုင်ဒိ(ကတဲတေ) BGF- စခန်းမှ လက်နက်ကြီး (၁၂၀မမ) များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာမှ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ


၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ရက်၊ ကေအဲန်ယူ ဗဟ်ု
ဧပြီလ ၂၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်၌ ကတိုင်ဒိကျေးရွာ (BGF-၁၀၁၃) စခန်းမှ လက်နက်ကြီး (၁၂၀မမ)များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ ဒေါဇံကြီးကျေးရွာ (တာအိုနီ) မှ (၁၄) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် (၆၆) နှစ်အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။
"ည ၁၁နာရီ လောက်က လက်နက်ကြီး တစ်လုံးကျတယ်၊ ကလေးမတစ်ယောက်နဲ့ အဘွားအိုတစ်ယောက်ထိတယ်၊ နှစ်ယောက်စလုံးလက်မောင်းကိုထိတာ၊ ဒဏ်ရာမပြင်းပေမယ့် ရွာထဲမှာလူတွေ
မနေရဲကြတော့ဘူး" ဟုဒေသခံတစ်ဦးက ပြောသည်။
ကတိုင်ဒိ BGF-၁၀၁၃ စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာရှိ လူနေအိမ် (၅)လုံးလက် နက်ကြီးစများ ထိမှန်ကာ ထိခိုက်ပျက်စီးမှုများရှိသည်။ ဧပြီ လ ၂၀ ရက်နေ့က ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း၂ ဌာနချုပ်မှ လေးကေနှင့် ဝင်းတာပန်ကျေးရွာများတွင် တပ်စွဲထားသော BGF တပ်စခန်းများအနေဖြင့် ဧပြီလ ၂၃ ရက်နေ့နောက် ဆုံးထားပြီး KNDO တပ်ရင်း၂ ထိန်းချုပ်နယ်မြေအတွင်းမှ ထွက်ခွာပေးရန်၊ မထွက်ခွာပါက စစ်ရေးအရ ပြင်းထန်စွာ အရေးယူမည်ဟုပါရှိသော ကြေငြာချက်တစ်စောင် ထုက်ပြန်ကြေငြာ ခဲ့ပြီး နောက်ပိုင်းတွင် BGF တပ်ဖွဲ့များမှ ယခုကဲ့သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ရှိလာခဲ့သည်။
ထို့အပြင် KNU ဘီးလင်းမြို့နယ်၊ KNDO တပ်ရင်း ၂ ဌာနချုပ်မှ ကြေငြာချက်ထုက်ပြန်ပြီးနောက်ပိုင်း လေးကေကျေးရွာနှင့် ဝင်းတာပန်ကျေးရွာတွင် တပ်စခန်းချထားသော BGF တပ်ဖွဲ့များမှ လမ်းများကို ပိတ်ထားကာ ဒေသခံများအား သွားလာခွင့် ပိတ်ပင်ခြင်းများရှိလာပြီး နှစ်ဖက် စစ်ရေးတင်းမာလာနိုင်ဖွယ်ရှိသဖြင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများ နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေမှုများရှိကြောင်း ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှ သတင်းပေးပို့သည်။