Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၌ ၁၅ ရက်တာအတွင်း ပစ်ခတ်တိုက်ခိုက်မှုသတင်း


၁၉ ဧပြီ ၂၀၂၂ ကေအဲန်ယူ - ဗဟို

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်အတွင်း

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ( ၁၇၄ ) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ (၈၁) ယောက်သေဆုံးကာ (၄၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုသေ ဆုံးသွား သော အာဏာသိမ်းစစ်ကောင်စီ၏ တပ်များထဲတွင် တပ်ခွဲမှူး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက် နှင့် တပ်ကြပ် ၁ ယောက်ပါဝင်ပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကား ၃ စီး ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဖျက်ဆီး နိုင်ခဲ့ပါသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်တွင် တိုင်းပြည် နှင့် လူမျိုးအတွက် ၁ ဦး အသက်စွန့်ခဲ့ရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲဖြစ်ပွားတိုင်းတွင် အာ ဏာသိမ်းစစ်ကောင်စီ၏ တပ်များသည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာ နှင့် လုပ်ငန်းခွင် များအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုပေါင်း အလုံး (၃၄၀) ကျော်ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူလူထု (၂) ဦး အာဏာသိမ်းစစ် ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါသည်။

အာဏာသိမ်းစစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုနှင့် ထိုးစစ်ဆင်မှုများ တိုးချဲ့ပြုလုပ်လာသောကြောင့် နယ်မြေကို ကာကွယ်စောင့်ရှောက်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့်ထိတွေ့ပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှု ပိုမိုများပြားလာရခြင်းဖြစ်သည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဥ်ရက်ဆက် ပိုမိုလုပ် ဆောင်ခဲ့ကြပါသည်။