Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
၂၀၂၂ ခုနှစ်၊ မေလအတွင်း ဒူးသထူခရိုင် တိုက်ပွဲသတင်း ထုက်ပြန်ချက်


၂၀၂၂ ခုနှစ် ဇွန် ၁ ရက် ကေအဲန်ယူ - ဗဟို
ကေအဲန်ယူ- သထုံခရိုင်၊ အမှတ် (၁) တပ်မဟာ ထိန်းချုပ်နယ်မြေထဲ၌ ၂၀၂၂ ခုနှစ်၊ မေလအတွင်း အာဏာသိမ်း စစ်ကောင်စီ-BGF ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA/KNDO) တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု(၄၁)ကြိမ်တိတိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၇၁)ဦးသေ၊ (၅၃)ဦး ထိခိုက်ဒဏ်ရာရ၍ စစ်ကား (၅)စီးပျက်စီးခဲ့သည်။
KNLA/KNDO ပူးပေါင်းတပ်ဖွဲ့များမှ မျိုးချစ်စစ်သည် (၁၁)ဦး ထိခိုက်ဒဏ်ရာရကာ (၂)ဦး ပြည်သူ့အတွက် အသက်ပေးသွားခဲ့ရသည်။
မေလအတွင်း အာဏာသိမ်း စစ်ကောင်စီမှ ကေအဲန်ယူ-သထုံခရိုင်၊ အမှတ် (၁) တပ်မဟာအတွင်းသို့ လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ အရပ်သားပြည်သူများ၏ နေအိမ် (၁၁)လုံး မီးလောင်ပျက်စီးခဲ့၍ စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရခဲ့သည်။
ထို့အပြင် စစ်ကောင်စီ တပ်များမှ ဒေသခံပြည်သူများထံမှငွေ(၂၁၃၀၀၀၀၀)ကျပ် ကိုအတင်းအဓမ္မ ယူဆောင်သွားခဲ့ပြီး အရပ်သား (၂၄)ဦးအား ပေါ်တာအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဒေသခံပြည်သူများ၏ ရာဘာခြံ (၃)ခြံ စုစုပေါင်း (၁၃)ဧကကိုလည်း မီးရှို့ဖျတ်ဆီးခဲ့သည်။
စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့များမှ မေလအတွင်း အရပ်သားပြည်သူများ၏ ကျွဲနှင့်နွား (၈)ကောင်အား ပစ်သတ်ခဲ့ပြီး စားသောက်ကုန်၊ အခြားပစ္စည်း အများအပြားကိုလည်း ယူဆောင်၊ ဖျတ်ဆီးမှုများ ကျူးလွန်ခဲ့သည်။