Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အများပြည်သူ အသုံးပြုသွားလာနေသော လမ်းတွင် ဂိတ်ချထားသော အာဏာသိမ်းစစ်ကောင်စီတပ်မှ ၎င်းတို့ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးထောက်ခံစာ မပါပါက သွားလာခွင့်မပေး


ဇွန်လ(၄)ရက်၊ ၂၀၂၂ ခုနှစ်။ ကေအဲန်ယူ ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ အများပြည်သူ အသုံးပြုသွားလာနေသော လမ်းတွင် ဂိတ်ချထားသော အာဏာသိမ်းစစ်ကောင်စီတပ်မှ ၎င်းတို့ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါပဲ သွားလာနေသော ပြည်သူလူထုများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ သွားလာခွင့်မပေးဟု စား ဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရသော ပြည်သူလူထုထံမှ သိရှိရသည်။

ယနေ့ဇွန်လ(၄)ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာပြည်သူလူထုများမှ ကျောက်ကြီးမြို့သို့ စားသောက်ကုန်များ ဝယ်ယူရန်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်၏ အစစ်ဆေးခံရပြီး အာဏာသိမ်း စစ် ကောင်စီမှ ခန့်အပ်သော အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါသောကြောင့် မြို့ထဲသို့ ဝင်ရောက်ခွင့်မရှိပဲ ပြန်လှည့်လာခဲ့ရသည်။ ထိုမျှမက နောက်နောင် အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်သော အုပ် ချုပ် ရေးမှူးထောက်ခံစာ ကိုင်ဆောင်ရမည်ဟု မှာကြားပြီး အခြားသူများကို လည်းအသိပေးရန် မှာကြားလိုက်သည်ဟု သိရှိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ အုပ်ချုပ်ရေးကို မလို လားသော၊ ပြည်သူ့အုပ်ချုပ်ရေးကိုသာ လိုလားသော ပြည်သူလူထုများထံသို့ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တယားကို အတင်းအကြပ် သွပ်သွင်းရန်အတွက် အများပြည်သူ အသုံးပြုသွားလာနေသော လမ်း တွင် ဂိတ်များချထားပြီး လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်ပြီး အကြပ်ကိုင်ခဲ့သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး နယ်မြေအတွင်းတွင် ဇွန်လ(၁)ရက်နေ့မှစ၍ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၏ ထုတ်ပြန်ကြေ ညာချက်ကို ရှင်းလင်းဆွေးနွေး ပြီးနောက် ဇွန်လ(၂)ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီဘက်မှလည်း ၎င်းတို့၏ အုပ်ချုပ်ရေးယန္တယားကို ပိုမိုတင်းကျပ်ရန်အတွက် အများပြည်သူ အသုံးပြုသွား လာ နေသောလမ်းပေါ်တွင် ၎င်းတို့ ချထားခဲ့သောဂိတ်များ၌ ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းများကို ချိတ်ထားခဲ့သည်ကို တွေ့ရှိရသည်။