Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ကေအဲန်ယူ- ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ


၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ရက် ကေအဲန်ယူ - ဗဟို
ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၂၀မမ)များဖြင့် ရမ်းသမ်း ပစ်ခတ်နေမှုများကြောင့် ဇီးပြောင်းကျေးနယ်အုပ်စုနှင့် ပျဥ်းကတိုး ကုန်း ကျေးနယ်အုပ်စုများရှိ ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီ သိမ်ဇရပ် အမြောက်တပ်မှ လက်နက်ကြီး (၁၂၀မမ) များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဇီးပြောင်းကျေးနယ်အုပ်စုရှိ ကညင် အိုင်၊ ကျောက်ရေတွင်း၊ ဇီးပြောင်းကျေးရွာများမှ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ၇မိနစ်ကလည်း ပျဥ်းကတိုးကုန်းကျေးနယ် ရွှေဖြူအနီးတွင် အာဏာသိမ်း စစ်ကောင်စီမှ လက်နက်ကြီး (၈၁မမ)များဖြင့် ၃ ချက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံ များအား ထိခိုက်မှု တစ်စုံတစ်ရာ မရှိသေးသော်လည်း စစ်ကောင်စီဖက်မှ ယခုကဲ့သို့ရမ်းသမ်းပစ်ခတ်မှုများကြောင့် စိုးရိမ်ထိတ်လန့်နေကြကာ ဒေသခံတစ်ချို့မှာလည်း ထွက်ပြေးတိမ်းရှောင် နေကြရ သည်ဟု ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် သတင်းတာဝန်ခံမှ သတင်းပေးပို့ထားပါသည်။