Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းတွင် အတည်ပြု စစ်ဘေးရှောင်ပြည်သူ ၃၅၆၆၇၄ ဦး အထိရှိလာ


ဩဂုတ်လ (၁၆) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) ဘိတ်− ထာဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများအတွင်းတွင် တိုက်ပွဲများ နေ့စဉ်နှင့် အမျှဖြစ်ပေါ်လာသည့်အတွက် ထိုဒေသများ အတွင်းရှိ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါသည်။

ခရိုင်များအတွင်းရှိ အတည်ပြု၍ရသော စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာ သထုံခရိုင်တွင် ၉၄၇၆၈ ဦး၊ တောင်ငူခရိုင်တွင် ၇၅၃၇ ဦး၊ ညောင်လေးပင်ခရိုင်တွင် ၆၁၈၉၈ ဦး၊ ဘိတ်−ထာဝယ်ခရိုင်တွင် ၆၀၀၀ ဦး၊ မူတြော်ခရိုင်တွင် ၉၆၁၈၀ ဦး၊ ဒူးပလာယာခရိုင်တွင် ၉၀၂၉၁ ဦး စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၃၅၆၆၇၄ ဦး အထိရှိလာပြီဖြစ်ပြီး ဆက်လက်၍ စာရင်းကောက်ခံ နေရသော စစ်ဘေးရှောင်ပြည်သူ အရေအတွက်များလည်း ကျန်ရှိနေသေးသည်။ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ များအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေး လိုအပ်ချက်များကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး မှာ ကရင့်အမျိုးသားတော်လှန်ရေးကို ဦးဆောင်နေပြီး ကရင်တစ်မျိုးသားလုံးလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် နိုင်ငံရေး တိုက်ပွဲ စစ်ရေး တိုက်ပွဲများကို ကရင့်လက်နက်ကိုင်တော်လှန်ရေးစတင်သည့်အချိန်မှစ၍ ယနေထိတိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှာ ကရင်တစ်မျိုးသားလုံး၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပြီး ကရင်တစ်မျိုးသားလုံး ဖိနှိပ်ခံ ဘဝမှ လွတ်မြောက်ရန် မိမိတို့၏အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်လျက်ရှိသည်။

လက်ရှိအခြေအနေအတွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးနှင့် လက်အောက်ခံတပ်ဖွဲများဖြစ် ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်မျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများကို နေစဉ်ရင်ဆိုင် တိုက်ခိုက်နေရပြီး စစ်ရေးကုန်ကျစာရိတ်များနှင့် စစ်ရေးလို အပ်ချက်များကို စီစဉ်ဆောင်ရွက်နေရသည့် အပြင် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များအတွက်လည်း တစ်ပြိုင်တည် စီစဉ်ဆောင်ရွက် နေရပါသည်။