Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
စစ်ဘေးရှောင်ပြည်သူများ အတွက် လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများကို အဆက်မပြတ်လုပ်ဆောင်လာသော ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များ ပိုမိုလုပ်လုပ်ဆောင်လားခြင်းကြောင့် ဒေသခံ ပြည်သူအမြောက်အများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး စစ်ဘေးရှောင်ပြည်သူများ အတွက် လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိ

ဩဂုတ်လ (၁၄) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထား ဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများအတွင်းတွင် အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ် နှင့် လက်အောက်ခံ နယ်ခြား စောင့်တပ် (BGF) တပ်များမှာ စစ်ရေးလှုပ်ရှားမှုများကို အဆက်မပြတ်လုပ်ဆောင်လာသောကြောင့် ဒေသခံပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနှင့် ကော်သူးလေး အုပ်ချုပ်နယ်မြေလုံခြုံရေးတို့အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံတပ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များအကြား ရင်ဆိုင်တိုက်ပွဲ များ နေ့တိုင်းဖြစ်ပွားလျက်ရှိသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ၎င်းတို့အထိနာသော ရင်ဆိုင်တိုက်ပွဲများတွင် ပြည်သူလူထုများ နေထိုင်သော ကျေးရွာများ၊ ပုန်းခိုလျက်ရှိသောနေရာများအတွင်းသို့ ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့်လေကြောင်းမှပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း များကို အမြဲတစေပြုလုပ်လေ့ရှိသည်။အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသားဒိုင်းကားအဖြစ် အသုံးပြုခြင်းများလည်း အများအပြားပြုလုပ်ခဲ့ပါသည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ အကြောင်းမဲ့ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများ ပိုင်ဆိုင်သော အဖိုးတန် ပစ္စည်များကို အတင်းအဓမ္မ သိမ်းယူးခြင်းများကိုလည်း အများအပြားပြုလုပ်လျက် ရှိနေသည်။ ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူများကို အကြောင့်မဲ့ ပစ်သတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူအ မြောက်အ များ၏ အသက်များစွာလည်းဆုံးရှုံးခဲ့ရပါသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲများဖြစ်ပွားသည့် အချိန်တွင် အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်သောနေရာများအတွင်းသို့ ပစ်မှတ်ထား တိုက်ခိုက်လာ သောကြောင့် ပြည်သူလူထုများမှာ မိမိတို့နေထိုင်သော ကျေးရွာအိုးအိမ်များကိုစွန်လွှတ်၍ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါသည်။ ဒူးသထူးခရိုင် တပ်မဟာ (၁) နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ (၃) တို့မှာ စစ်ဘေးရှောင်ပြည်သူ အများဆုံး ထွက်ပြေးတိမ်းရှောင်နေရသော ခရိုင်းများဖြစ်ပြီး ထိုခရိုင်နှစ်ခုအတွင်းတွင်ပင် စစ်ဘေးရှောင်ပြည်သူဦးရေး (၁၅၄၈၆၆) ဦးရှိပြီး ကျန်ခရိုင်များအတွင်းရှိ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ကိုမှု စီစစ်ဆဲဖြစ်သည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်ပြည်သူ များ အတွက် နေရာထိုင်ခင်း၊ လုံခြုံရေး၊ ကျန်းမာရေး၊ စာဝတ်နေရေ လိုအပ် ချက်များကို သက်ဆိုင်ရာ ခရိုင်တပ်မဟာများအတွင်းရှိ တာဝန်ရှိခေါင်းဆောင်များမှာ တတ်နိုင်သည့်ဘက်မှ အကောင်းဆုံး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသော်လည်း စစ်ဘေးရှောင်ပြည် သူဦးရေမှာ အများအပြားတိုးပွားလာခြင်းကြောင့် လိုအပ်ချက်များမှာလည်း ပိုမို့မြင့်မာလာသည်။ လက်ရှိစစ်ဘေးရှောင်များအတွက် အဓိကအားဖြင့် ရိက္ခာနှင့် နေရာထိုင်ခင်းများအတွက် အမိုး အကာများ အများအပြား လိုအပ်လျက်ရှိပါသည်။

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ အဖွဲ့အစည်းအလိုက်အနေအဖြင့်ဖြစ်စေ စစ်ဘေးရှောင် ပြည်သူလူထုများ လိုအပ်လျက်ရှိနေသောအကူအညီများကို ကူညီပေးလိုသည့် မည်သည့်လူပဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို မိမိတို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ လက်ကမ်းကြိုဆိုလျက်ရှိပါသည်။