Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
KNLAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဖက်မှ (၂) ဦးသေ၊ ရွာသားများ ညအချိန်အပြင်ထွက်လျှင် ပစ်သတ်မည်ဟု စစ်ကောင်စီမှခြိမ်းခြောက်ထား


၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၃ရက်၊ သထုံခရိုင်။

သြဂုတ်လ (၉) ရက်နေ့ နံနက် (၄) နာရီခန့်က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်းသို့ နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ တပ်များ နှင့် နယ်မြေခံ KNLA တပ်ရင်း (၃)ပူးပေါင်းတပ်ဖွဲ့တို့ အကြား (၁၅) မိနစ်ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဖက်က (၂) ဦးသေဆုံးခဲ့သည်။

ထို့အပြင် သြဂုတ်လ (၉) ရက်နေ့ (၄) နာရီ (၃၀) မိနစ်ခန့်တွင် အင်အား (၇၀)ခန့်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များမှ ကေအဲန်ယူ ကျိုက်ထိုမြို့နယ် ပျဥ်းကတိုးကုန်းကျေးနယ်အုပ်စု၊ မဲရုံးလေးကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ဝင်ရောက်တပ်စွဲထားပြီး ညအချိန်တွင် အပြင်ထွက်သွားလာပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း ကေအဲန်ယူ-ကျိုက်ထို သတင်းတာဝန်ခံမှသတင်းပေးပို့ထားသည်။

လက်ရှိအခြေအနေတွင် ကေအဲန်ယူ ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးမှုများ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများရှိနေခြင်းကြောင့် ဒေသခံပြည်သူ (၅၅၀၀)ဦးကျော် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေ ရသည်။