Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အာဏာသိမ်အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး လက်နက်ကြီးများတပ်ဆင်ထားမှုကြောင့် ဒေသခံများများထွက်ပြေးတိမ်းရှောင်နေရ


ဩဂုတ်လ (၂၉) ရက်၊ ၂၀၂၂ ခုနှစ်
ကေအဲန်ယူ-ဗဟို

ပြီးခဲ့သည့်ဩဂုတ်လ (၂၇) ရက်နေ့မှစ၍ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ကေအဲန်ယူ-မုန်းမြို့ နယ်၏စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက် လှုပ်ရှားမှုများရှိသည့်အပြင် လက်နက် ကြီးများတပ်ဆင်ထားမှုများ ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူလူထုများ ကြောက်လန့်၍ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါသည်။

အဆိုပါ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ကျေးရွာအတွင်းသို့ဝင်ရောက်ပြီး တပ်ဆင်ထား သောလက်နက်ကြီးများ၏ ပစ်မှတ်သည် ကေအဲန်ယူ-မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ရေလဲ (ကရင်) ကျေးရွာသို့ မျက်နာမူနေသည့်အတွက် ရေလဲ (ကရင်) ကျေးရွာတွင်နေထိုင်သည့် ပြည်သူ များသည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးခိုလှုံနေကြရသည်။ ရေလဲ (ကရင်) ကျေးရွာ ပြည်သူများသည်နီးစပ်ရာကျေးရွာဖြစ်သည့် (ပရဲစီ) ကျေးရွာ၊ ထွနီကုန်းကျေးရွာ နှင့် ငထွေစုတ် စသည့် ကျေးရွာတို့အပြင် မြစ်တစ်ဖက်ကမ်းသို့ပါ တိမ်းရှောင် နေကြရသည်။

ကေအဲန်ယူ-မုန်းမြို့နယ်၏စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ရေလဲ (ကရင်) ကျေးရွာတွင် အိမ်ခြေပေါင်း (၁၈၀) အိမ်ရှိပြီး လူဉီးရေစုစုပေါင်း (၉၇၃) ဉီးရှိသောကျေးရွာတစ်ရွာဖြစ်သည် အလား တူ ပင် ဩဂုတ်လ (၂၇) ရက်နေ့ မနက် (၉) နာရီအချိန်ခန့်တွင် အာဏာသိမ်းအကြမ်းဖက်စစ် ကောင်စီတပ်များမှ ကရင်မျက်ရဲ ၊မာနီနှင့်ရွာတန်းရှည်နေရာများတွင် လက်နက်ကြီးများဖြင့် (၃၈) လုံး ပစ် ခတ်သည့်အပြင် တပ်လှုပ်ရှားမှုများရှိသောကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ကာ နီးစပ်ရာကျေး ရွာများသို့တိမ်းရှောင်နေကြရသည်။

လက်ရှိတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ အုန်းပင်စုကျေးရွာနှင့် ဝက်တူးကျေးရွာတွင် အင်အား (၃၀) ခန့်၊လပတ်နှင့်ဗမာမျက်ရဲကျေးရွာတွင်အင်အား (၂၅) နှင့် နှင့်မိကြောင်း ခေါင်းတွင် အင်အား (၃၀) ခန့် တပ်လှုပ်ရှားမှုများရှိနေပြီး ဒေသခံပြည်သူများကြောက်လန့်ကာ တိမ်းရှောင်နေကြရသည်။