Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင် ပြည်သူလူထုများ၏ နောက်ဆုံးရအခြေအနေ


အောက်တိုဘာလ (၁၄) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ဒူးသထူ(သထုံ) ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ်လွီထူ( ညောင်လေးပင်) ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင် များအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် နှစ်ဖက်တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူလူထု အရေအတွက်မှာ (၇၁၇၆၂၆) ဦးအထိ ရှိလာပြီဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူလူထုများအနေဖြင့် နေရာထိုင်ခင်းအခက်အခဲများ၊ စားနပ်ရိက္ခာမလုံလောက်မှု အခက်အ ခဲ များ၊ ဆေးဝါးမလုံလောက်မှုအခက်အခဲများနှင့် ရင်ဆိုင်နေကြရပါသည်။

၂၀၂၃ ခုနှစ်အတွင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှ နည်းလမ်းရှာစီစဉ်ပေးမှုဖြင့် စစ်ဘေးရှောင် ပြည်သူလူထု အိမ်ထောင်စု (၅၄၄၉၄)စု မှလူဦးရေ (၂၆၉၆၃၁) ဦးအတွက် ထိုင်းဘတ် ၉ သန်းခန့်ကျသင့်သော အခြေခံစားသောက်ကုန်နှင့် အခြားသောလိုအပ်ချက်များကို ကူညီပံ့ပိုးပေးနိုင်ခဲ့ သော်လည်း လိုအပ်သည့် အထောက်အပံ့မရရှိသေးသည့် ပြည်သူလူထု များစွာကျန်ရှိနေသေးသည့် အတွက်ကြောင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ ထိုစစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက် ကုန်များနှင့် အခြားလိုအပ်သည့်အ ကူအညီအထောက် အပံ့များ ရရှိရန်အတွက် နည်းလမ်းရှာဖွေ ကြိုးစားလျက် ရှိပါသည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန် တိုးမြင့်လုပ်ဆောင်လာခြင်းနှင့်အတူ လူ အခွင့်အရေချိုးဖောက်မှုအ များအပြားကိုလည်း ဆက်လက်ကျူးလွန်လျှက်ရှိပြီး တိုက်ပွဲများဖြစ်ပွားရာနေရာတွင်ရှိသော ဒေသခံပြည်သူများမှာ နေ ရပ် အိုး အိမ်များ၊ လုပ်ငန်းဆောင်တာများကို စွန်ခွားပြီး ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် အရေးပေါ်လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီအထောက်အပံ့များ များစွာလိုအပ်လျက်ရှိနေပါသည်။