Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ကေအဲန်ယူ တပ်မဟာ(၁)(၃)(၄)(၅)အတွင်းရှိ သွားလာရန်ခက်ခဲသော နေရာများရှိ စစ်ဘေးရှောင်များ လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီလိုအပ်လျက်ရှိကြောင်း။

ကေအဲန်ယူ-ဗဟို၂၀၂၂ခုနှစ်၊မေလ(၂၉)ရက်။KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် BGFတပ်များသည် နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများ အမြဲပြုလုပ် လျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိပါသည်။စစ်ကောင်စီတပ်များသည် သူတို့၏နယ်မြေစိုးမိုးမှုရရှိရေးအတွက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာများတွင် နေထိုင်သော ရွာသူရွာသားများသည် ကျေးရွာများအတွင်း မနေထိုင်ရဲတော့ဘဲ ၎င်းတို့နေထိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များကို စွန့်ခွာကာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဘေးလွတ်ရာသို့ ရွှေပြောင်း နေထိုင်နေကြရပါသည်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေသော တပ်မဟာများ... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၂၀ ဒုတပ်ရင်းမှူး နန္ဒာအောင်ဦးဆောင်သော အဖွဲ့မှ ရွှေခါးမိုကျေးရွာမှ သားအဖနှစ်ဦးကို PDF သင်တန်းဆင်းဟု စွပ်စွဲကာဖမ်းဆီးခဲ့

၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်၊ ကေအဲန်ယူ ဗဟို။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ ရွှေခါးမိုကျေးရွာရှိ သားအဖနှစ်ဦးဖြစ်သည့် မောင်ကျော်မင်းစိုး အသက်(၄၅)နှစ်နှင့် သားမောင်ထက်လင်းစိုး (ခ) ဖိုးတောင်ရိုး အသက်(၂၀)နှစ် ကို အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၂၀ ဒုတပ်ရင်းမှူး နန္ဒာအောင် ဦးဆောင်သော အဖွဲ့မှ ၂၀၂၂ ခုနှစ်၊ မေလ (၂၃)ရက်နေ့၊ ညနေ (၄)နာရီခန့်အချိန်တွင် ကျွန်းကြီးကျေးရွာသို့ ဖိတ်စာသွားပို့နေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီမှ ထိုသားအဖနှစ်ဦးသည် PDF သင်တန်းဆင်းသည်ဟု စွပ်စွဲကာ အထက်မှ အမိန့်ကျလာသောကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူများက ပြောသည်။ ထိုသားအဖနှစ်ဦးသည် ကျပန်းလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်သူများ ဖြစ်သောကြောင့် ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ရှိ ရွှေတူးဖော်ခြင်းလု... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၄၃၄ ပြည်သူလူထု၏ အိမ်တွင်းသို့ ဝင်ရောက်မွှေနှောက်ခြင်းများ ပြုလုပ်

၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်၊ ကေအဲန်ယူ ဗဟို။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ လိန်ပင်ဝဲကျေးရွာ၊ဝဲမှူးကျေးရွာ၊ အလယ်ကျွန်းကျေးရွာနှင့် သစ်ဖရောင်းတန်း ကျေးရွာ တွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၄၃၄ သည် ကျေးရွာတွင်းသို့ ဝင်ရောက်ပြီး သစ်ဖရောင်းတန်းကျေးရွာရှိ ဦးမောင်မောင်လေးနှင့် ဦးမောင်အေးလှိုင်တို့၏ အိမ်သို့ ဝင်ရောက်ပြီး မွှေနှောက် ကြသည်။ ပြည်သူလူထုများသည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ ကျေးရွာတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိသောအခါ ထိတ်လန့်ကြောက်ရွံ ထွက်ပြေးကြသောကြောင့် စစ်ကောင်စီ၏ တပ်များသည် အပစ်မဲ့ပြည်သူလူထုများကို အကြောင်းမဲ့ လိုက်လံဖမ်းဆီးကြသည်ဟု သိရသည်။၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှစ၍ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များ ကေအဲန်ယူ - ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်သို့ ထိုးစစ်ဆင်ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပေါင်းစုံဖြင့် ကျေးရွာတွင... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ၏ ပူးပေါင်းတပ်မှ လက်နက်ပေါင်းစုံဖြင့် ကျေးရွာတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူထုနှစ်ဦးနှင့် အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံး

၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်၊ ကေအဲန်ယူ။ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ ၃၅၁၊ ခမရ ၄၃၉၊ ခလရ ၆၀၊ ပျူစောထီးနှင့် ပြည်သူ့စစ်တို့ ပူးပေါင်းပြီး တပ်ရေးဗိုလ်ကြီး ဇေယျာလင်း ဦးဆောင်၍ ညောင်ကုန်း ကျေးရွာတွင် အခြေချပြီး နရွဲပင်ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်နှင့် လက်နက်ပေါင်းစုံဖြင့် မေလ(၂၀)ရက်နေ့ နေ့လည် ၁၁ နာရီ ၄၅မိနစ်မှစ၍ ၃နာရီကြာ အဆက်မပြတ် ပစ်ချပြီး ၃နာရီကြာနောက်ပိုင်း နာရီဝက်ခြားတစ်ကြိမ် ည ၂ နာရီအထိ ပစ်ချခဲ့သည်။ ထိုသို့ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား နှစ်ဦးနှင့် တိရိစ္ဆာန်များကို ထိမှန်ခဲ့သည်။ အဖ စောကျော်ဝင်း၊ အမိ နော်ဒူးဒူတို့၏သား စောထွန်းသစ္စာအသက်(၁၆)နှစ် လည်ပင်းတွင် စိုးရိမ်ရထိခိုက် ဒဏ်ရာရရှိပြီး အဖ စောမောင်ဆက်၊ အမိ နော်လှမြင့်တို့၏သား စောထွန်းထွန်းဆက်အသက်(၃၈)နှစ်မှာလည်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ... ...

Read More
News
စစ်ကောင်စီနှင့် လက်အောက်ခံ BGF တပ်ဖွဲ့များ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း ပြည်သူလူထုထံမှ အဓမ္မငွေကြေး တောင်းယူမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေ

၂၀၂၂ ခုနှစ်၊ မေလ ၁၃ရက်၊ သထုံခရိုင်။အာဏာသိမ်း စစ်ကောင်စီနှင့် လက်အောက်ခံ BGF တပ်ဖွဲ့များသည် ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာမှ ရွာလူကြီးများကို မေလ (၁၂) ရက်နေ့က မိတ္ထိလာရွာ (ဘုရားကုန်း BGF စခန်း)တွင်ခေါ်ယူတွေ့ဆုံကာ အဓမ္မငွေကြေး တောင်းယူမှုများလုပ်ဆောင်လျှက်ရှိသည်။"မေလ (၁၂) ရက်က မိထ္ထီလာရွာ(ဘုရားကုန်း BGF-၁၀၁၄)စခန်းမှာ ကျေးနယ် (၂) ခု၊ ကျေးရွာ ၁၅ ရွာက ရွာလူကြီးတွေကို ခေါ်ပြီးတော့ ပိုက်ဆံ (၁၄၃) သိန်းကို (၃)ရက်အတွင်းတောင်းတယ်၊ လက်နက်ပြပြီးတောင်းတာဆိုတော့ မပေးပဲနဲ့လည်း မနေရဲကြလောက်ဘူး၊ နောက်ပြီးတော့ လူထုကလည်းခက်ခဲနေတဲ့အချိန်လေ " ဟု ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မှပြောသည်။ ဝဲပျံကျေးနယ်အတွင်းရှိ ဘုရားစင်ရွာမှ (၅) သိန်း၊ ဝဲပျံရွာမှသိန်း(၂၀)၊ ပေပင်ဆိပ်ရွာမှ (၁၂)သိန်း၊ မိတ္ထလာရွာမှ (၅) သိန်း၊ အထက်မိဇိုင်းနှင့်အောက်မိဇိုင်းရွာတို့မှ (၁၂) သိန်း၊ မိဇိုင်းတောင်ခြေရ... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ၏ ခမရ(၃၄၉)သည် ဒရုန်းဖြင့် (၆၀)မမကို ကျေးရွာတွင်းသို့ ပစ်ချပြီး အသက်(၈)နှစ်အရွယ် ကလေးမလေးတစ်ဦးကို ထိမှန်ခဲ့

၂၀၂၂ ခုနှစ်၊ မေလ(၁၂)ရက်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ အင်းနက်ကျေးရွာတွင် ၂၀၂၂ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ ညနေ(၅)နာရီဝန်းကျင်တွင် အားဏာသိမ်းစစ်ကောင်စီ၏ ခမရ(၃၄၉)သည် အင်းနက်အထက်ကျောင်း ဘုန်းကြီးကျောင်းရှေ့တွင် ဒရုန်းဖြင့် (၆၀)မမ တလုံးကို ပစ်ချခဲ့သည်။ ယင်းပစ်ချမှုတွင် ကိုဝင်းနိုင်၊ မသန္ဒာဝင်းတို့၏ သမီး အသက်(၈)နှစ်အရွယ် မထက်ထက်စံကို ထိမှန်ခဲ့သည်။ ထိမှန်ခဲ့သည့်အချိန်တွင် ကေအဲန်ယူ ကျောက်ကြီးမြို့နယ်မှ တာဝန်ရှိခေါင်းဆောင်များက ကုသပေးခဲ့သည်။ ယင်းထိမှန်မှုတွင် မထက်ထက်စံ၏ ဘယ်ဘက်ရင်အုံမှ ကျောဘက်သို့ ပေါက်ထွက်ပြီး အဆုပ်ကို ထိခိုက်သိဟု ကုသပေးသူမှ ပြောသည်။ ထို့နောက် မထက်ထက်စံ၏ မိဘများက မိမိတို့ကိုယ်တိုင်ကုသပေးမည်ဟု ခေါ်ဆောင်သွားခဲ့သည်။ ...

Read More