Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အသက်မပြည့်သေးသည့် ကလေးသူငယ်များနှင့် အရပ်သား ပြည်သူ(၉၂)ဦးကို လေးကေ စစ်ကောင်စီ-BGF ပူးပေါင်းစခန်းအတွင်း ဖမ်းဆီးထား

၂၀၂၂ ခုနှစ်၊ မေလ ၁၂၊ သထုံခရိုင်။ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီ နှင့် BGF-၁၀၁၄ ပူးပေါင်းစခန်းမှ အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးအပါအဝင် အရပ်သားပြည်သူ (၉၂) ဦးကို စခန်းအတွင်း ဖမ်းဆီးထားကြောင်း သိရသည်။ ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများမှာ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်းမှ (၇၀) ဦးနှင့် ဘီးလင်းမြို့နယ်မှ (၂၂) ဦး ဖြစ်ကာ အသက်မ ပြည့်သေးသည့် ကလေးသူငယ် (၄)ဦးပါဝင်ကြောင်းသိရသည်။"တင်ဝင်းဦးဆောင်တဲ့ BGF-၁၀၁၄နဲ့ စစ်ကောင်စီပူးပေါင်းတပ်က လေးကေစခန်းကို စစ်ကူလာရင်းနဲ့ လမ်းတစ်လျှောက် တွေ့သမျှ လူတွေကိုပေါ်တာဖမ်းတယ်၊ ကျောက်ဖျာရွာက အသက်မ ပြည့်သေးတဲ့လူငယ်လေး (၄) ယောက် လည်းပါတယ်၊ အားလုံးပေါင်း (၉၂) ယောက်၊ အခုချိန်ထိ သူတို့ပြန်လွှတ်ပေးတာ မရှိသေးဘူး၊ လေးကေBGFစခန်းထဲမှာ ဖမ်းထားတယ်" ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှပြောသည်။၎င်းကဆက်လက်၍ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များမ... ...

Read More
News
အာဏာသိမ်းစစ်ကောင်စီ ဖိတ်ခေါ်သော ငြိမ်းချမ်းရေးတွေ့ဆုံးဆွေးနွေးရေး အပေါ် အမြင်သဘောထား သုံးသပ်ချက်

By Saya Saw Ka Pi၉.၅.၂၀၂၂ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေး ပဋိပက္ခများရဲ့ ဇစ်မြစ်ကို ဖြေရှင်းလိုတဲ့ နိုင်ငံရေးဆန္ဒရှိ့ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို ဖြေရှင်းလိုတဲ့ အာသီသ ကိုလည်း အပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့ပြဖို့ လိုတယ်လို့ ယူဆပါတယ်။ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေ အကုန်လုံးနဲ့ ရိုးသားမှန်ကန်စွာ ဖြေရှင်လိုစိတ် ရှိဖို့ကလည်း အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အခုမှ စပြီးပြောတုန်းရှိသေးတယ် ကျတော်တို့ကို တပ်အင်အားမတိုးချဲ့ရ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ကြိုတင်ကန့်သတ်ဖို့ ကြိုးစားတာတွေကလည်း သဘောထားမှန် ကန်မှုမရှိတာကို ပြသနေတယ်လို့ပဲ ကျတော်မြင်ပါတယ်။နေ့တိုင်းနီးပါး ကျတော်တို့ ဒေသတွေထဲက ရွာတွေအပေါ်မှာ လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာကလည်း အခုလို ကြေငြာချက်ထုတ် ဖိတ်ခေါ်တာမျိုးကို ယုံကြည်ဖို့၊ အတည်ယူဖို့ ခက်စေပါတယ်။နောက်ဆုံးတစ်ချက်ကတော့ ကျတော်တို့ဟာ ပဋိပက္ခလိုလ... ...

Read More
News
၂၀၂၂ခုနှစ် ဧပြီလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် လုယက်မှုများသတင်း။

၂၀၂၂ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီမှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများကို နေ့စဥ်ပြုလုပ်ခဲ့ပါသည်။ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာသူ (၁၇) ဦးရှိပြီး အိမ် (၁၀) လုံးထိမှန်ပြီး ဆိုင်ကယ် (၁) စီးပျက်စီး၊ စပါးကြိတ်စက်(၁)လုံးပျက်စီး၊ နွား(၁၅)ကောင်ထိမှန်၊ကျွဲ(၃)ကောင်ထိမှန်၊ ဆိုလာကြီး(၂)ချပ်ထိမှန် ပျက်စီးခဲ့သည့်အပြင် သစ်စက်များပျက်စီးခြင်း၊ ဘုန်းကြီးကျောင်း(၁)လုံးပျက်စီးခြင်း၊ ပြည်သူလူထု လုပ်ငန်းခွင်ထဲသို့ ၊ တောင်ယာခင်းများထဲသို့ ၊ ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခြင်းတို့ကြောင့် ကျေးရွာသူရွာသားများအလုပ်ပျက်ခြင်းနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ပစ်သတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ(၅)ဦး သေဆုံးခဲ့ပါသည်။ ထို့အပြင် အကြောင်းမဲ့ရိုက်သတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူ(၁)ဦးသေဆုံးခဲ့ပါသည်။စစ်ကောင်စီတပ်မှ အကြောင်းမဲ့ မီးရှိုခြင်းကြောင့် အိမ်(၁၅)လုံးနှင့် ငွေ... ...

Read More
News
ဧပြီလအတွင်း တိုက်ပွဲသတင်း

၂၀၂၂ ခုနှစ် မေလ ၇ ရက်နေ့ကေအန်ယူဗဟိုကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့ကြား နေ့စဥ်ထိတွေ့ပစ်ခတ်မှုများ ရှိခဲ့ပြီး ဧပြီလ တစ်လအတွင်း တိုက်ပွဲပေါင်း ၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) များမှ ၃၅၆ ဦးသေဆုံးပြီး ၁၉၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုင်းပြည်လွတ်မြောက်ရေးအတွက် ၁၅ ဦးအသက်စွန့်ခဲ့ရပြီး ၃၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု၊ ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှု နှင့် အာဏာသိမ်းစစ်ကေ... ...

Read More
News
ကေအဲန်ယူ-သထုံခရိုင်အတွင်း ဒေသခံ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာပြီး အခက်အခဲများစွာရှိနေ

၂၀၂၂ ခုနှစ်၊ မေလ ရက်၊၆ ကေအဲန်ယူ ဗဟိုအာဏာသိမ်း စစ်ကောင်စီမှ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက်ပိုင်းတွင် ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ဒေသခံ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်၊ သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း သထုံခရိုင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီထံမှ သိရသည်။ အာဏာသိမ်း စစ်ကောင်စီမှ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာ အတွင်းသို့ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက်ပိုင်း၌ ဒေသခံစစ်ဘေးရှောင်ဦးရေ တစ်သောင်း(၁၀၀၀၀) ကျော်အထိ ရှိလာခဲ့သည်။"စစ်ဘေးရှောင်တွေက များလာတော့ နေရာထိုင်ခင်း အခက်အခဲရှိတယ်၊ အိမ်မှာလည်း ပြန်မယူရဲကြတော့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတာတွေတော့လိုအပ်တယ်၊ သောက်သုံးရေနဲ့ အိမ်သာ အခက်အခဲလည်းရှိတော့ တစ်ချို့လည်း ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြတယ်"ဟု စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက... ...

Read More
News
အာဏာသိမ်း စစ်ကောင်စီနှင့် (BGF-၁၀၁၄)ပူးပေါင်း တပ်ဖွဲ့မှ အရပ်သား(၁)ဦးကို သတ်ဖြတ်ခဲ့။ လေးကေနှင့် ဝင်းတာပန် BGF စခန်းများသို့ စစ်ကူရန်စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေ။

အာဏာသိမ်း စစ်ကောင်စီနှင့် (BGF-၁၀၁၄)ပူးပေါင်း တပ်ဖွဲ့မှ အရပ်သား(၁)ဦးကို သတ်ဖြတ်ခဲ့။ လေးကေနှင့် ဝင်းတာပန် BGF စခန်းများသို့ စစ်ကူရန်စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေ။၂၀၂၂ ခုနှစ်၊ မေလ ၆ရက်၊ ကေအဲန်ယူ ဗဟိုမေလ ၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီနှင့် (BGF-၁၀၁၄)ပူးပေါင်း တပ်ဖွဲ့များသည် ကေအဲန်ယူ- သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်းရှိ ထီးကျူကျေးရွာနှင့် မဲသန ကျေးရွာအကြား(ကျေဖာလဲ့)တွင် အရပ်သားတစ်ဦးကို သေနတ် ဖြင့်ပစ်သတ်ခဲ့ကြောင်း ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းဌာနခွဲမှ သတင်းပေးပို့သည်။စစ်ကောင်စီနှင့် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်သတ်ခြင်းခံခဲ့ရသူမှာ ထီးကျော်ခီးကျေးရွာတွင် နေထိုင်သော အသက် (၄၂) နှစ်ရှိ စောဖားတရုတ်ဖြစ်ပြီး ထီးကျော်ခီး ကျေးရွာလူကြီးဟောင်းဖြစ်ကြောင်းသိရသည်။ "စောဖားတရုတ်က ကျေဖာလဲ့မှာ ဆိုင်ကယ်နဲ့ နွားစာသွားယူတာတဲ့၊ BGF နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေ က ဆိုင်ကယ်ကိုရပ... ...

Read More