၂၀၂၂ ခုနှစ်၊ မေလ ၅ရက်၊ သထုံခရိုင်။ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီ စကခ (၈) လက်အောက်ခံတပ်များမှ ဒေသခံပြည်သူများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်လျှက်ရှိသည်။မေလ (၃)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ စကခ (၈)လက် အောက်ခံ (ခလရ-၄၀၃) တပ်ဖွဲ့သည် မဲပလီစခန်းမှ နတ်ကြီးစစ်ကောင်စီစခန်းသို့ စစ်ကြောင်းထိုးဆင်းလာပြီး အစူးချောင်း ကျေးရွာ သို့ အရောက်တွင် ရွာသူ/သားများကို စုဝေးခေါ်ယူခဲ့ပြီး အသက် (၄၀) ကျော်အရွယ် အစူးချောင်းရွာသား တီးဖားကျော်ထူးအား ရိုက်နှက်၊ နှိပ်စက်မှုများ ကျူးလွန်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။"စစ်ကောင်စီ စစ်သားတွေ ရွာရောက်တော့ ရွာမှာရှိတဲ့လူတွေမှန်သမျှကို ခေါ်စုခိုင်းတယ်၊ အရွယ်ကောင်းတဲ့ လူတွေက စကစ လာတယ်ဆိုတာသိလို့ ကြိုပြီးတိမ်းရှောင်နေကြတယ်၊ ရွာမှာ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးတွေပဲကျန်တာ၊ တီးဖားကျော်ထူးက ကျန်ခဲ့တဲ့လူကြီးတွေထဲမှာအရွယ် ကောင်းတုန်းပေါ့... ...
၂၀၂၂ ခုနှစ်၊ မေလ ၂ရက်၊ ကေအဲန်ယူ ဗဟိုမေလ (၁)ရက်နေ့က ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအား အာဏာသိမ်း စစ်ကောင်စီမှ လေယာဥ်ဖြင့် တစ်ရက်တည်းတွင် (၂) ကြိမ်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၁၀) လုံးနှင့် သီလရှင်ကျောင်း (၁) ဆောင် မီးလောင်ပျက်စီးခဲ့ပြီး ရွာသားများနှင့် KNU တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှ သတင်းပေးပို့သည်။"မနက် (၁၁) နာရီခွဲမှာ ပထမအကြိမ် ဟယ်လီကော်ပတာ (၂)စင်း လာပစ်တယ်၊ လေးကေရွာ ဘုန်းကြီးကျောင်းဘေးက လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်၊ တစ်ခြားထိခိုက်တာ တွေလည်းရှိပေမယ့် အားလုံးမသိရသေးဘူး" ဟု ဘီးလင်းမြို့နယ် သတင်းတာဝန်ခံမှပြောသည်။ထို့နောက် မွန်းလွဲ(၁)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီမှ တိုက်လေယာဥ် (၂)စင်းဖြင့် ဒုတိယအကြိမ် လေးကေကျေးရွာအား လာရောက်ပစ်ခတ်ခဲ့ပြီး လူနေအိမ် (၉)လုံးနှင့် သီလရှင် ကျောင်း (၁) ဆေ... ...
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ရက်၊ ကေအဲန်ယူဗဟိုဧပြီလ ၂၃ ရက်နေ့မှစ၍ ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း KNDO/ KNLA တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီ၊ လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေး တင်းမာမှုများရှိလာခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များမှ လူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံ ပြည်သူ ( ၇၀၀၀) နီးပါး နေအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးနယ်၊ မြစ်ကျိုးကျေးနယ်မှ ကျေးရွာပေါင်း (၉)ရွာတို့ရှိ လူဦးရေ (၇၀၀၀)နီးပါး နေရပ်စွန့်ခွာကာ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန်၊ ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များလိုအပ်လျှက်ရှိသည်။ဧပြီလ (၂၃) ရက်နေ့ည ကလည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေါဇံကြီးကျေးရွာမှ (၁၄) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် (၆၆) နှစ... ...
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ရက်၊ ကေအဲန်ယူ ဗဟ်ုဧပြီလ ၂၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်၌ ကတိုင်ဒိကျေးရွာ (BGF-၁၀၁၃) စခန်းမှ လက်နက်ကြီး (၁၂၀မမ)များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ ဒေါဇံကြီးကျေးရွာ (တာအိုနီ) မှ (၁၄) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် (၆၆) နှစ်အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။"ည ၁၁နာရီ လောက်က လက်နက်ကြီး တစ်လုံးကျတယ်၊ ကလေးမတစ်ယောက်နဲ့ အဘွားအိုတစ်ယောက်ထိတယ်၊ နှစ်ယောက်စလုံးလက်မောင်းကိုထိတာ၊ ဒဏ်ရာမပြင်းပေမယ့် ရွာထဲမှာလူတွေမနေရဲကြတော့ဘူး" ဟုဒေသခံတစ်ဦးက ပြောသည်။ ကတိုင်ဒိ BGF-၁၀၁၃ စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာရှိ လူနေအိမ် (၅)လုံးလက် နက်ကြီးစများ ထိမှန်ကာ ထိခိုက်ပျက်စီးမှုများရှိသည်။ ဧပြီ လ ၂၀ ရက်နေ့က ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း၂ ဌာနချုပ်မှ လေးကေနှင့် ဝင်းတာပန်ကျေးရွာများတွင် တပ်စွဲထားသော BGF... ...
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ရက်၊ ကေအဲန်ယူ-ဗဟိုအာဏာသိမ်း စစ်ကောင်စီ လမ်းဦးစီးဌာနမှ (ဝါးဘိုးတော-ကမမောင်း)လမ်းဆုံရှိ လူနေအိမ်များနှင့် ဆိုင်တန်းများကို လမ်းနယ်ကျူးကျော်သည်ဟုဆိုကာ (၂၈-၄-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားခိုင်းနေပြီး လိုက်နာမှုမရှိပါက တရားစွဲဆိုခြင်းခံရမည်ဟု စာပို့ထားကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှသိရသည်။စစ်ကောင်စီက တရားမဝင် နေအိမ်၊ အဆောက်အဦးများ ဆောက်လုပ်နေထိုင် သည်ဟုဆိုကာ ဖယ်ရှားခိုင်းစေခြင်းခံရသော အိမ်ခြေနှင့် ဈေးဆိုင်ပေါင်း (၄၀)လုံးရှိပြီး ထိုလမ်းဆုံ၌ နေထိုင်သည့် ဒေသခံပြည်သူ စုစုပေါင်း (၂၂၄)ဦး နေအိမ်ဆုံးရှုံးရမည့်အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။"ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းက ပေကြိုးတွေနဲ့ လမ်းမနဲ့ဆိုင် အကွာအဝေးကို လာတိုင်းသွားတယ်၊ ဟိုးအရင်ကတည်းက ဒီလမ်းဆုံမှာပဲ ဈေးရောင်းရင်း အသက်မွေးတာ၊ အခု ကျူးကျော်လို့ သက်မှတ်ပြီးဖယ်ခိုင်းတယ် မဖယ်ရင်တရားစွဲခံရမယ်ပြောတယ်"ဟု အမည်မဖော်လို... ...
၂၀၂၂ နံၣ်, လါအ့ဖြ့ၣ် ၁၉ သီ, ခ့ၣ်အဲၣ်ယူၣ်-လီၢ်ခၢၣ်သးခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ ဒူပျၥ်ယၥ်ကီၢ်ရ့ၣ် သုးက့ (၆) ဟီၣ်ကဝီၤပူၤ သုးမီၤစိရိၤအသုး ဒီး သုးခိးကီၢ်ဆၢ (BGF) အသုးသ့ၣ်တဖၣ် ဟူးဂဲၤဝဲ ဒုးယၤဂ့ၢ်ဝီ အတၢ်ရဲၣ်တၢ်ကျဲၤ တပယူၥ်ဃီန့ၣ်လီၤ. လၢတၢ်ဒီသဒၢက့ၤဟီၣ်ကဝီၤအဂီၢ် ကညီဒီကလုၥ်တၢ်ထူၣ်ဖျဲးသုးမုၢ်ဒိၣ် (KNLA), ကညီဒီကလုၥ်ဂၢၤသးကရၢ (KNDO) ဒီး သုးပၥ်ဖှိၣ်ကရူၢ်သ့ၣ်တဖၣ် ကျဲးစၢးဝဲအဂ့ၤကတၢၢ် ဒီး ခီၣ်ဆၢခးဝဲ သုးမီၤစိရိၤအသုး ဒီး သုးခိးကီၢ်ဆၢ (BGF) အသုးသ့ၣ်တဖၣ် လၢတၢ်သူၣ်ဒူသးဒူ အပူၤန့ၣ်လီၤ.ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ ဒူပျၥ်ယၥ်ကီၢ်ရ့ၣ် သုးက့ (၆), ကီးတရံးကီၢ်ဆၣ် ဟီၣ်ကဝီၤပူၤ တၢ်ဒုးကဲထီၣ်ဝဲ အါကတၢၢ် ဒီး တၢ်ဒုးဖးဒိၣ်စ့ၢ်ကီး ကဲထီၣ်ဝဲဒၣ်န့ၣ်လီၤ. သုးမီၤစိရိၤအသုးသ့ၣ်တဖၣ် သူဃုၥ်ဝဲကဘီယူၤဒုးသုး ဒီး ဟဲခးလီၤဝဲတၢ်လၢ တၢ်ဒုးကဲထီၣ် ဆၢကတီၢ်န့ၣ်လီၤ.ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ ဒူပျၥ်ယၥ်ကီၢ်ရ့ၣ် သုးက့ (၆)... ...