Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ဒေသခံတစ်ချို့တိမ်းရှောင်နေရ


၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ရက်၊ သထုံခရိုင်။
ဇွန်လ (၂) ရက်နေ့က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ဒေသခံတစ်ချို့တိမ်းရှောင်နေရသည်။

ဇွန်လ (၂) ရက်နေ့ အင်အား (၂၀၀) ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ကေအဲန်ယူ- ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်ရှိ ဧက ၁၀၀ ကျောက်မိုင်းဖက်သို့တက်လာပြီး နံနက် ၈ နာရီ ဝန်းကျင်တွင် မုပ္ပလင်လမ်းဆုံမှ လက်နက်ကြီး (၁၂၀မမ) များဖြင့် (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲမှ သတင်းပေးပို့သည်။

အာဏာသိမ်း စစ်ကောင်စီတပ်များမှ ကျိုက်ထိုမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ထိခိုက်ပျက်စီးမှုကြီးကြီးမားမား မရှိသေးသော်လည်း ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။