Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ တပ်များမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် ပြည်သူလူထုပေါင်း (၁၆၀၃၆) ဦးစစ်ဘေးရှောင်နေရ


ဇူလိုင်လ(၂၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အ တွင်းတွင်ဇူလိုင်လ (၁၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ် ကောင်စီတပ်၏ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ပြီး ကျောက်ကြီးမြို့ ကေအဲန်ယူ-ဆက်ဆံရေးရုံးတွင်းသို့ ဝင်ရောက်မွှေနှောက်ပြီး ဆက်ဆံရေးရုံး၏ ဖုန်းတလုံးကို ယူသွားခဲ့သည်။

ဆက်ဆံရေးရုံးအတွင်းသို့ ဝင်ရောက်မွှေနှောက် ‌သွားသည့် စစ်ကောင်စီတပ်များမှာ ခလရ-၆၀၊ လဝက၊ မီးသတ်တပ်ဖွဲ့နှင့် ရဲများ ပူးပေါင်းပြီး အခန်းသော့နှင့် သေတ္တာသော့များကို ရိုက်ချိုးခဲ့ပြီး မွှေနှောက်ခဲ့သည်။ ထို့အပြင် (၁၀)နာရီ (၁၉)မိနစ်အချိန်တွင် မမယမ်းကျေးရွာအနီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ - ၉၉၊ ခမရ-၅၉၉၊ ခမရ-၆၀၃၊ ခမရ-၃၅၀ နှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း (၉) တို့ကြား ထိပ်တိုက် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၉)ဘက်မှ ထိခိုက်ကျဆုံးမှု မရှိသော် လည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးကို တော့မသိရှိရသေးပါ။

ဇူလိုင်လ(၁၇)ရက်၊ နံနက်(၉)နာရီအချိန်တွင်လည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ နိုဝါး လူခိုတွင် နတ်သံကွင်းကျေးရွာရှိ တီးခွားလေး၏ လယ်တဲကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် ဇူလိုင်လ (၁၃)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၅၉၉မှ ဖမ်းဆီးနှိပ်စက်ထား သည့် ကရင်လူငယ်(၂၃)ဦးကို လွတ်ပေးခဲ့သည်။ ဇူလိုင်လ (၁၈) ရက်နေ့ညနေ (၆) နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ကညင်ကျိုးကျေးရွာတွင် စခန်းချပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ လှေတန်းကျွန်းကြီးကျေးရွာ သို့ လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှူကြောင့် လှေ တန်း ကျွန်းကြီးကျေးရွာနေ ဦးစိုးနိုင်၏ အိမ်တစ်ခြမ်းကို ထိမှန်ခဲ့ပြီး ကျေးရွာပြည်သူလူထု၏ နွား တကောင်ကို လည်း ထိမှန်ခဲ့သည်။

ဇူလိုင်လ (၁၉) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ကား (၂)စီးကို သစ်ချားဆိပ်စခန်းသို့ ဝင်ရောက်လာခဲ့သည်။ တစ်စီးသည် စားနှပ်ရိက္ခာများကို တင်ဆောင်ပြီး ကျန်တစ်စီး သည် ဆီနှင့် လက်နက်ကြီးတစ်စင်း တင်ဆောင်လာခဲ့သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်မှ ၂၀၂၂ခုနှစ်၊ မေလမှစ၍ ယခုအချိန်အထိ ကျေးရွာတွင်းသို့ ဒရုန်းနှင့်လေယာဉ်ဖြင့် လက်နက်ကြီး (၅)လုံးနှင့် လက်နက်ကြီးဖြင့် (၁၂၃)လုံး ကျေးရွာအတွင်းသို့ပစ်ချခဲ့သည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်သည့် ကျေးရွာပြည်သူလူထုများနှင့် လက် နက် ကြီး ထိမှန်သေဆုံးခဲ့ရသည့် ကျေးရွာပြည်သူလူထု စုစုပေါင်း (၉)ဦးရှိပြီး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့သည့် ကျေးရွာပြည်သူလူထု စုစုပေါင်း (၁၂) ဦးရှိခဲ့ပါသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သည့် ကျေးရွာပြည်သူလူထု စုစုပေါင်း(၃၄)ဦးတို့ ရှိပြီး စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၁၆၀၃၆) ဦးရှိသည်။