Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

News

News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ တပ်များမှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် ပြည်သူလူထုပေါင်း (၁၆၀၃၆) ဦးစစ်ဘေးရှောင်နေရ

ဇူလိုင်လ(၂၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အ တွင်းတွင်ဇူလိုင်လ (၁၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ် ကောင်စီတပ်၏ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ပြီး ကျောက်ကြီးမြို့ ကေအဲန်ယူ-ဆက်ဆံရေးရုံးတွင်းသို့ ဝင်ရောက်မွှေနှောက်ပြီး ဆက်ဆံရေးရုံး၏ ဖုန်းတလုံးကို ယူသွားခဲ့သည်။ ဆက်ဆံရေးရုံးအတွင်းသို့ ဝင်ရောက်မွှေနှောက် ‌သွားသည့် စစ်ကောင်စီတပ်များမှာ ခလရ-၆၀၊ လဝက၊ မီးသတ်တပ်ဖွဲ့နှင့် ရဲများ ပူးပေါင်းပြီး အခန်းသော့နှင့် သေတ္တာသော့များကို ရိုက်ချိုးခဲ့ပြီး မွှေနှောက်ခဲ့သည်။ ထို့အပြင် (၁၀)နာရီ (၁၉)မိနစ်အချိန်တွင် မမယမ်းကျေးရွာအနီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်မ - ၉၉၊ ခမရ-၅၉၉၊ ခမရ-၆၀၃၊ ခမရ-၃၅၀ နှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း (၉) တို့ကြား ထိပ်တိုက် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ကရင်အမျ... ...

Read More
News
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ဒေသခံပြည်သူများ၏ ဉယျာဉ်ခြံအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် နေအိမ်တစ်လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့

ဇူလိုင်လ (၂၄) ရက်၊ ၂၀၂၂ ခုနှစ်ကေအဲန်ယူ-ဗဟိုဇူလိုင်လ (၂၂) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ မှ ကေ အဲန်ယူ-ညောင်လေးပင်ခရိုင်,မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ ဉယျာဉ်ခြံ အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အပြင် နေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ တပ် ခမရ (၅၉၀) မှ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ ကော့ပြင်းကျေးရွာသို့ဝင်ရောက်လာပြီးနောက်ည (၈) နာရီအချိန်ခန့် တွင် လက်နက်ကြီးများဖြင့် အချက်ပေါင်း (၁၅) ချက်နီးပါး ဒေသခံပြည်သူများ၏ ဉယျာဉ်ခြံအတွင်းသို့ ပစ်ခတ်ခဲ့သည်။ယင်းနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏တပ်များမှ ကော့ပြင်း (၂) ရပ်ကွက်တွင် နေထိုင်သည့် ကျေးရွာသား တစ်ဉီးဖြစ်သည့် ကိုထွေးထွေး ၏နေအိမ်တစ်လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့သည်။ထိုသို့ပစ်ခတ်မှုကြောင့်မကြာသေးမီကမှ ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်... ...

Read More
News
စစ်ကောင်စီတပ်များမှ ဒေသခံလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံ (၄၀၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ရက်၊ ကေအဲန်ယူ-ဗဟိုကေအဲန်ယူ- ကျိုက်ထိုမြို့နယ်အတွင်း သိမ်ဇရပ်အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ အမြှောက်တပ် (အမတ-၃၁၀)မှ လက်နက်ကြီးများဖြင့် ညစဥ်ပစ်ခတ်နေမှုများကြောင့် ဒေသခံပြည်သူ (၄၀၀၀) ဦးကျော် နေအိမ်များကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဇူလိုင်လ (၁၀) ရက်၊ (၁၁) ရက်နေ့နှင့် ဇူလိုင် (၁၂)ရက်နေ့ညပိုင်း များတွင် အာဏာသိမ်း စစ်ကောင်စီ (အမတ-၃၁၀) တပ်မှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းရှိ ဝင်းကံ ကျေးနယ် နှင့် ဇီးပြောင်းကျေးနယ်များ အတွင်းသို့ လက်နက်ကြီး (အလုံးရေ- ၅၀နီးပါး) ဆက်တိုက် ပစ်ခတ်မှုများ ကျူးလွန်ခဲ့သည်။ဇူလိုင်လ (၁၉) ရက်နေ့ ည (၈) နာရီ မိနစ် (၂၀) တွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်သည် သိမ်ဇရပ်အနီး ဓမ္မဒူတ ဘုန်းကြီးကျောင်းဝန်းအတွင်းမှနေ၍ ဇီးပြောင်းကျေးနယ် နှင့် ဝင်းကံ ကျေးနယ်များအတွင်း ကျေးရွာများဆီသို့ လက်နက်ကြီး (၉) လုံး ပစ်ခတ်ခဲ့သည်။"ဒီလို လက်နက်ကြီးတွ... ...

Read More
News
ညောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ (BGF) တပ်မှ စခန်းတိုးချဲ့တည်ဆောက်ရန် သစ်လုံးများ အဓမ္မတောင်းယူ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ရက်၊ ကေအဲန်ယူ-ဗဟိုဇူလိုင်လ (၁၇) ရက်နေ့က ကေအဲန်ယူ-ဖားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာအတွင်း တပ်စွဲထားသော (BGF ၁၀၁၄) လက်အောက်ခံ တပ်မှ စခန်းတိုးချဲ့တည်ဆောက်ရန်အတွက် လိုအပ်သော သစ်လုံးများကို ကျုံမသွယ်ကျေးနယ်အုပ်စုရှိ ဘန့်ဘွေးကုန်း၊ ရွှေလူနှင့် တော်သလေးခို ကျေးရွာများရှိ ပြည်သူများထံ အဓမ္မတောင်းယူခဲ့သည်။ဇူလိုင်လ (၁၇) ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ (BGF ၁၀၁၄) တပ်သည် ဘန့်ဘွေးကုန်း၊ ရွှေလူနှင့် တော်သလေးခို ကျေးရွာပြည်သူများမှ (၂) ထွာပတ်လည်နှင့် အရှည် (၆) တောင်ရှိ သောသစ်လုံးများကို တစ်အိမ် လျှင် သစ်တစ်လုံး ၎င်းတို့ကိုပေးရန် တောင်းယူခဲ့ခြင်းဖြစ်သည်။ယခုကဲ့သို့ ညောင်ကုန်း (BGF) ဂိတ်မှ ကေအဲန်ယူဖားအံမြို့နယ်အတွင်းရှိဒေသခံလူထုထံ သစ်၊ ဝါးများ အဓမ္မတောင်းယူခြင်းသည် ပထမဆုံးအကြိမ်မဟုတ်တော့ပဲ (၂၀၂၁) ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့ တွင် (၁) ကြိမ်၊ (၂၀၂၂) ခုနှစ် မတ်လ (၃) ရက်နေ့တွင် ၁ ကြိမ်၊ (၂၀၂၂)... ...

Read More
News
ကေအဲန်ယူ - တောင်ငူခရိုင်၊တပ်မဟာ(၂) ဒေါ်ဖခိုမြို့နယ် တပူကရူ၊ ထီးဒေးကရူ၊ ရှမ်းလယ်ပြင်ကရူ များတွင် ပြည်သူလူထုအများအပြားစစ်ဘေး တိမ်းရှောင်နေရ

၂ဝရက် ဇူလိုင်လ ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့များတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် ၊ ဒေါ်ဖခိုမြို့နယ် တာပူဒေသ အတွင်းရှိမင်းလမ်းတောင်ရွာ၊ဆင်အံတောင်ရွာ၊မိအိ ကြီးရွာ၊မိအိကြီးရွာသစ်ကုန်းစုစည်းရွာ၊ကျွဲကျထက်/အောက်ရွာ၊ဘောဓိကုန်းရွာ၊လယ်သာရွာ၊ဂွေးသဲရွာ၊ဖြတ်လမ်းဆုံရွာဒေသများတဝိုက်တွင် အာဏာသိမ်း စစ်ကောင်စီ၏တပ်များနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ထိုသို့ ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များဖြစ်သည့် ခလရ ၈၅ နှင့် ခမရ ၃၀၇ စစ်ကြောင်းမှတပ်များသည် ကျေးရွာများအတွင်း သို့ လက်နက်ကြီးများ ပစ်ခ တ်ခြင်း ကျေးရွာတချို့ရှိ ပြည်သူလူထုများ၏ အိမ်ယာများကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပါသည်။ ထိုသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအပြစ်မဲ့ရွာသားတဦး... ...

Read More
News
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာပြည်သူလူထုတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထုတစ်ဦး ထိမှန်သေဆုံးခြင်းနှင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခြင်း

ဇူလိုင်လ(၁၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၃၅၁၊ ခလရ-၆၀နှင့် ပူးပေါင်းတပ်တို့မှ စပ်လဲ ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုသည် ယနေ့ ညနေ(၂)နာရီ (၂၂)မိနစ်အချိန်တွင် ကျောက်ကြီးမြို့ရှိ မာလာဦးဂိတ်နှင့် ဆင်မတောင်မှ စပ်လဲကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုကြောင့် စပ်လဲကျေးရွာရှိ ပြည်သူလူထု တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် ကျေးရွာပြည်သူလူထု၏ နေအိမ်နှစ်လုံးကို လည်း ထိခိုက်ပျက်စီးခဲ့သည်။အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကျေးရွာပြည်သူလူထုမှာ အသက်(၄၀)နှစ်ရှိသူ စောရှီးမေဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေး ငယ်နှစ်ဦးမှာ အသက်(၁၂)နှစ်ရှိ နော်ထီးဆဲခူနှင့် (၆)လအရွယ် စောထ... ...

Read More