Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ဝဲၤကျိၤတဖၣ်

ခရိုင်အဆင့် တရားရေးစနစ်လက်လှမ်းမှီ ရရှိနိုင်မှုအခြေအနေများအား သုံးသပ်ဆွေးနွေးခြင်း အစည်းအဝေးကျင်းပ


၂၈-၆-၂၀၂၂ ကေအဲန်ယူ-ဗဟို
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တရားရေးကော်မတီနှင့်ပယ်ကော်(ကရင်အမျိုးသားရဲတပ်ဖွဲ့)တို့မှ တရားရေးစနစ်လက်လှမ်းမှီ ရရှိနိုင်မှုအခြေအနေများအား သုံးသပ် ဆွေးနွေးခြင်း အစည်းအဝေးတစ်ရပ်ကို ဇွန် ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ဖားအံခရိုင်၊ လေးဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မှုခင်းစီမံခန့်ခွဲမှုအခြေအနေများအား မြို့နယ် တရားရေးနှင့်ပယ်ကော်ကိုယ်စားလှယ်များ၊ ခရိုင်တရားသူကြီးချုပ်နှင့်ခရိုင်ရဲမှူးကြီး၊ CLVကိုယ်စားလှယ်များ မှုခင်းဆရာဝန်တို့၏ တင်ပြချက်များအား ပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ အဓိကခေါင်းစဉ်ကြီးများဖြစ်ကြသော အကျဉ်းထောင်စီမံခန့်ခွဲမှု၊ ကလေးပြုပြင်ထိန်းသိမ်းရေးစခန်း၊ မူးယစ်ဆေးဝါးနှင့်လောင်းကစား၊ လယ်ယာမြေပြသနာနှင့် မှုခင်းစီမံဆောင်ရွက် ရန်လုပ်ထုံးလုပ်နည်းနှင့်အညီလိုက်ပါဆောင်ရွက်မှုကိစ္စတို့ကို တက်ရောက်လာသောကိုယ်စားလှယ်များက အပြန်အလှန်တင်ပြဆွေးနွေးကြပြီး ဗဟိုသစ်တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်းမှလည်း လယ် ယာမြေစီမံခန့်ခွဲမှုအကြောင်း လာရောက်ရှင်းပြခဲ့သည်။

အစည်းအဝေး ၃ ရက်တာအတွင်း ကိုယ်စားလှယ်များ၏ဆွေးနွေးတင်ပြချက်များများအပေါ် ခရိုင်ခေါင်းဆောင်များ ဆွေးနွေးသုံးသပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၅) ချက်နှင့် ရှေ့လုပ်ငန်းစဉ် (၈) ချက်ချမှတ်နိုင်ခဲ့သည်။

ထိုအစည်းအဝေးတွင် ဗဟိုတရားသူကြီးချုပ်ပဒိုနော်မြိုင်ဖိုးအပါအဝင် ခရိုင်ခေါင်းများ၊ မြို့နယ်ကိုယ်စားလှယ်များ၊ KLAC (ကရင်ဥပဒေအထောက်အကူပြုအဖွဲ့) ကိုယ်စားလှယ်များ၊ CLV (လူထုဥပဒေ အထောက်အကူပြုရေးအဖွဲ့) ကိုယ်စားလှယ်များ၊ KWO (ကရင်အမျိုးသမီးအစည်းအရုံး) ကိုယ်စားလှယ်များ နှင့် KYO (ကရင်လူငယ်အစည်းအရုံး) ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။