Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ဝဲၤကျိၤတဖၣ်

ကီၢ်သူလ့ၤ သဲစးတၢ်မၤလိကၠိ, ကၠိပျၢ်အမူး

၂၀၂၅ ခုနှစ်၊ မေလ (၂၄) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုတရားရေးဌာနနှင့် ကရင်ဥပဒေ အထောက်အကူပြု အဖွဲ့ (KLAC) တို့မှ ဦးဆောင်၍ ကော်သူးလေဒေသအတွင်း ဥပဒေနှင့် တရားရေးဆိုင်ရာ ကျွမ်းကျင် သူများ များပြားလာခြင်းဖြင့် ပြည်သူများအနေဖြင့် တရားရေးဆိုင်ရာ သတင်းအချက်အလက်များ နှင့် အရင်းအမြစ်များအား ပိုမိုလက်လှမ်းမှီရရှိလာစေရန်၊ ဒေသတွင်း တရားရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပိုမိုထိရောက်သော ပံ့ပိုးမှုများဖြင့်ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူများ တရားမျှတမှုအား ပိုမိုရရှိလာစေရန်၊ ဒေသအခြေအနေ နှင့် ပြည်သူများ၏ အမှန်တကယ် လိုအပ်မှုများ၌ တရားမျှတမှုဆိုင်ရာ စံနှုန်းများကို အခြေခံသည့် ထိရောက်သော တရားရေးစနစ် တစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ ကော်သူးလေဥပဒေကျောင်းအပတ်စဉ် (၁) ကို (၄) လတာ သင်ကြားပို့ချ ခဲ့သည်။
အဆိုပါ (၄) လတွင် စာတွေ့ (၃) လ သင်ကြား၍ လက်တွေ့ (၁) လ လုပ်ဆောင်စေခဲ့ပြီး အပတ်စဉ် (၁) ၌ အမျိုးသမီး (၁၅) ဦး၊ အမျိုးသား (၁၂) ဦး စုစုပေါင်း လူဦးရေ (၂၇) ဦး သည် အောင်မြင်ပြီးစီးသည်အထိ တက်ရောက်သင်ကြားနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ် မေလ (၂၀) ရက်နေ့၌ ကျောင်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကော်သူးလေဥပဒေကျောင်းဆင်းပွဲအခမ်းအနားတွင် “ကေအဲန်ယူအုပ်ချုပ်မှုအောက်ရှိသော ခရိုင် (၇) ခုအတွင်း ဥပဒေနှင့် တရားရေးဆိုင်ရာ ကျွမ်းကျင်သူများ ပေါ်ထွက်လာပြီး ကေအဲန်ယူတရားရေး စနစ်အား ပံ့ပိုးမှုပြုနိုင်စေရန် အတွက် ဖွင့်လှစ်ခဲ့တာပဲဖြစ်တယ်။ အများအားဖြင့် ကျနော်တို့ ပတ်ဝန်းကျင် မှာ အခြေခံ ဝန်ဆောင်မှုလို့ ပြောတဲ့အခါ ပညာရေးနှင့် ကျန်းမာရေးလို့ပဲ ပြေးမြင်ကြတယ်။ တရားရေးစနစ်ကလည်းပဲ အခြေခံဝန်ဆောင်မှုတစ်ခုဖြစ်တယ်ဆိုတာကို လူထုတွေ ပိုမိုနားလည် သဘောပေါက်လာအောင် ဆက်ကြိုးစားသွားမှာဖြစ်ပါတယ်။” ဟု ကျောင်းတာဝန်ရှိသူ တစ်ဦးမှ အနာဂတ်တွင် ပိုမိုကောင်းမွန်သော တရားရေး ဝန်ဆောင်မှုများဖြင့် ပြည်သူလူထုများကို ပေးစွမ်းနိုင်ရန် ကော်သူးလေဥပဒေကျောင်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် အား အလေးအနက် ပြောကြားခဲ့သည်။