Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

တောအူးခရိုင်၌ (၇) ကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး ကွန်ကရက်ပြုလုပ်ကျင်းပပြီးစီး

မတ်လ (၂၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူးခရိုင်တွင် (၇) ကြိမ် မြောက် ကရင်အမျိုးသမီးအစည်းအရုံး ကွန်ကရက်အား ၂၀၂၄ ခုနှစ် မတ်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။

ကွန်ကရက်သို့ ကရင်အမျိုးသမီးအစည်းအရုံး၏ ဗဟို၊ ခရိုင်၊ မြို့နယ်တို့မှ ကိုယ်စာလှယ် (၅၈) ဦးနှင့် တောအူးခရိုင်ရှိ ခရိုင်အဆင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့် တပ်မဟာမှ တပ်ပိုင်းဆိုင်ရာ ခေါင်ဆောင် (၂၂) ဦး အပါအဝင် စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့သည်။

ကွန်းကရက်အခမ်းအနားအတွင်း တောအူးခရိုင် ကရင်အမျိုးသမီးအစည်းအရုံး၏ ရှေ့ဆက်လုပ်ဆောင် မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးချမှတ်ခဲ့ပြီး ဥက္ကဌအဖွဲ့အဝင်အသစ်အားလည်း ရွေချယ်တင်မြှောက် ခဲ့သည်။ ၎င်းတို့မှာ −
ဥက္ကဌ နော်အယ်ဒီထူး
ဒုဥက္ကဌ နော်ခီးကထိုးဖေါ
အတွင်းရေးမှူး နော်ကဖေါဒိုစေး
တွဲဘက် အတွင်းရေးမှူး နော်ရိုစီမူး တို့ဖြစ်သည်။