Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ကေအဲန်ယူ−တေားအူးခရိုင်၌ ပထမဆုံးအကြိမ် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုသင်တန်အား ကျင်းပပြုလုပ်ခဲ့

မေလ (၁၄) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို(သံတောင်ကြီး)မြို့နယ် ဌာနချုပ်၌ ပထမဆုံးအကြိမ် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု သင်တန်းအား တောအူးခရိုင် နိုင်ငံရေးနှင့်စည်းရုံးရေးကော်မတီလက်အောက်ရှိ စည်းရုံးရေးနှင့်အသိပညာ ပေးရေး ကော်မတီခွဲမှဦးဆောင်ပြီး School of Governance and Public Administration (SGPA) ၏ ကူညီပံ့ပိုး ပေးမှုဖြင့် စီစဉ်ဖွင့်လှစ်ခဲ့သည်။

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုသင်တန်းအား ၂၀၂၄ ခုနှစ် ဧပြီလ (၁၅) ရက်နေ့မှ ၂၀၂၄ မေလ (၇) ရက်နေ့အထိ ရက်ပေါင်း (၂၀) ကြာသင်ကြားခဲ့ပြီး တောအူးခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေသော တာဝန်ရှိခေါင်းဆောင် အမျိုးသား (၁၇) ဦးနှင့် အမျိုးသမီး (၉) ဦး စုစုပေါင်း (၂၆) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု သင်တန်းအတွင်း (၁) ကောင်းမွန်သောအုပ်ချုပ်ရေး၊ (၂) ပြည့်သူ့ရေးရာ စီမံခန့်ခွဲ မှု၊ (၃) တရားဥပဒေစိုးမိုးခြင်း၊ (၄) ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု နှင့် (၅) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ခြင်းဆိုင်ရာ ခေါင်းစဉ်များများ သင်ကြားခဲ့သည်။ သင်တန်းဖွင့်လှစ်ပွဲအခမ်း အနားနှင့် ပိတ်ပွဲအခမ်းအနားများသို့ တောအူးခရိုင်၏ ခရိုင်ဥက္ကဌ၊ ခရိုင် အတွင်းရေးမှူး၊ မြို့နယ်အတွင်းရေးမှူးများ၊ တပ်မဟာမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်သူ့ရေးရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်၏ အရေးကြီးပုံနှင့် အားပေးစကားတို့အား အသီးသီးပြောကြားခဲ့ကြ သည်။

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ခြင်းအားဖြင့် တောအူး(တောင်ငူ)ခရိုင်အတွင်းရှိ အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲ့မှုလုပ်ငန်းများအား လုပ်ဆောင် နေ သသည့ ခရိုင်နှင့် မြို့နယ်တို့ရှိ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများတိုးပွားလာစေပြီး တောအူး (တောင်ငူ) ခရိုင် အတွင်း နေထိုင်ကြသော ပြည်သူလူထူထုများအား ကောင်းမွန်သောအုပ်ချုပ်ရေးနည်းစနစ်များနှင့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်း များအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားပေးနိုင်ရန်အတွက် ဖြစ်သည်။