Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ဘိတ်-ထားဝယ်ခရိုင်မှ ဘဏ္ဍာရေးဆိုင်ရာရုံးလုပ်ငန်းသင်တန်း နှင့် မှုခင်းအထူးသင်တန်းအား ကျင်းပ ပြုလုပ်ခဲ့

အောက်တိုဘာလ (၁၁) ရက်၊ ၂၀၂၄ ခုနစ်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၌ ကရင် အမျိုးသားရဲတပ်ဖွဲ့ မှ ဦးဆောင်ပြီး ဘဏ္ဍာရေးဆိုင်ရာရုံးလုပ်ငန်းသင်တန်း နှင့် မှုခင်းအထူးသင်တန်း ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့ မှ အောက်တိုဘာလ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
ဤသင်တန်းသို့ ဘိတ်ထာဝယ်ခရိုင်အတွင်းရှိ မြို့နယ် (၅)ခုနှင့် ထီးမိုပွာဒေသမှ ကိုယ်စားလှယ်များ အပါ အဝင် စုစုပေါင်း (၂၂)ဦးတက် ရောက်ခဲ့ကြပြီး အောက်တိုဘာလ (၁၀)ရ က်နေ့တွင် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဘိတ်-ထားဝယ်ခရိုင်၊ အတွင်းရှိ ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား၊ ခရိုင်ရဲမှူးကြီး ဒုတိယဗိုလ်မှူးကြီးနော်ဆာမူနား၊ ထီးမိုပွာဒေသတာဝန်ခံ ပဒိုစောဒေးထူး၊ လူငယ် စွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်းအုပ် ဆရာစောလူပွေဒို နှင့် အခြားဌာန၊ ဌာနခွဲ ခေါင်းဆောင်များမှ ယခု အခမ်းအနား အစီအစဉ်သို့ တက်ရောက်ချီးမြှင့်အားပေးစကားပြောခဲ့သည်။