Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

လီၢ်ခၢၣ်သး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ဗဟို၌ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်၊ကေအဲန်ယူ-ဗဟို။
ယနေ့ ၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက်နေ့ ၌ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟို၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၂) ပဒို စောလှထွန်းမှ အဖွင့်မိန့်ခွန်းပြောကြာပြီးနောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံနှင့် ကရင်အမျိုးသားအလံတော်ဖြစ်ပေါ်လာပုံတို့အား ဖတ်ကြားခြင်း၊ ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ပေးပို့သော ကေအဲန်ယူ-အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ၏ မိန့်ခွန်းနှင့် ပေးပို့လာသော သဝဏ်လွှာများဖတ်ကြားခြင်းများပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ ကေအဲန်ယူ-ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ကေအဲန်ယူ-ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စဖါးလုံးဟိန်း နှင့် Australian Karen Organization (AKO) ဥက္ကဋ္ဌ စောလွင်ဦးတို့ တက်ရောက်၍ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများနှင့် အားပေးစကားများပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကရင်အမျိုးသားရိုးရာဒုံးအကများဖြင့် ကပြဖျော်ဖြေခြင်းများ၊ အားကစားပွဲကျင်းပခြင်းများပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို့ ခေါင်းဆောင်ကြီးများ နှင့် ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ (၁၅၀) ကျော်တက်ရောက်အားပေးခဲ့သည်။