Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ဝဲၤကျိၤတဖၣ်

KLAC ဒီး သဲစးဝဲၤကျိၤ တီခိၣ်ရိၣ်မဲဒီး ရဲၣ်ကျဲၤမၤဝဲ တၢ်ကဲထီၣ်သရၣ်လၢ သဲစးဂ့ၢ်ဝီတၢ်ဖံးတၢ်မၤအဂီၢ် တၢ်မၤလိ ဖဲ ဒူပျၥ်ယၥ်ကီၢ်ရ့ၣ်

မတ်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှ ၂၈ ရက်နေ့အထိ (၅) ရက်တာအတွင်း ကရင် ဥပဒေ အထောက် အကူပြုအဖွဲ့ (KLAC) ဗဟို နှင့် ကော်သူးလေ ဗဟိုတရားရေးဌာနတို့မှ ဦးဆောင်၍ ခရိုင်တွင်း တရားရေး ဆိုင်ရာလုပ်ငန်းများစနစ်တကျရှိစေရန် နှင့် ပိုမိုအားကောင်းလာစေရန်၊ ခရိုင်တွင်း တရားရေးလုပ်ငန်းများ ဖော်ဆောင်သည့်အဖွဲ့များ အချင်းချင်းကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေရန်၊ ခရိုင်တွင်းရှိ လူထုများမှ တရားရေးဝန်ဆောင်မှုပေးသူများအပေါ် ယုံကြည်မှု ပိုမိုရှိလာစေရန် နှင့် တရားမျှတမှုရရှိရေးဆိုင်ရာများ ပိုမိုအားကောင်းလာစေရန် စသည့် ရည်ရွယ်ချက် (၃) ချက်ဖြင့် ကော်သူးလေ တရားရေးဆိုင်ရာ ဆရာဖြစ်သင်တန်းအား ဒူးပလာယာခရိုင်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကေအဲန်ယူ - ဒူးပလာယာခရိုင် တာဝန်ရှိခေါင်းဆောင်များမှ တက်ရောက်အားပေးခဲ့ကြပြီး ထိုသင်တန်းတွင် တရားရေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများ ဖြစ်သည့် ကေအဲန်ယူ - ဒူးပလာယာခရိုင်ရှိ မြို့နယ် အသီးသီးမှ (CLV) လူထုဥပေဒ အထောက်အကူပြုအဖွဲ့ ၊ ခရိုင် တရားစီရင်ရေး ကော်မတီ၊ (KNLA) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ (KNDO) ကရင်အမျိုးသား ကာကာကွယ်ရေး တပ်ဖွဲ့၊ (KWO) ကရင်အမျိုးသမီး အစည်းအရုံး နှင့် (KNPF) ကရင်အမျိုးသား ရဲတပ်ဖွဲ့ စသည်တို့မှ စုစုပေါင်း (၃၆) ဦး တက်ရောက်ခဲ့သည်။