မတ်လ (၁၅) ရက်၊ ၂၀၂၅ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
၂၀၂၅ခုနှစ်၊ မတ်လ (၁၀) ရက်နေ့မှ (၁၅) ရက်နေ့ အထိ မြိတ်ထားဝယ်ခရိုင်ကရင်လူငယ်အစည်းရုံး (KYO) နှင့် လယ်မူလားမြို့နယ်ကေအဲန်ယူခေါင်းဆောင်များ စုပေါင်းဦးဆောင်ပြီး ကျေးရွာခေါင်းဆောင်များ အတွက် ခေါင်းဆောင်မှုသင်တန်းကို ကေအဲန်ယူ−မြိတ်ထားခရိုင် အုပ်ချုပ်နယ်မြေ လယ်မူလားမြို့နယ် ပလောက်တိုက်နယ်အုပ်စုတွေ ပြုလုပ်ကျင်းပခဲ့ပါသည်။
ဤသင်တန်းဖွင့်ပွဲတွင် လယ်မူလာမြို့နယ် ကေအဲန်ယူကရင် အမျိုးသားအစည်းအရုံး ကော်မတီဝင် ပဒိုစောတာကလယ်ဖော၊နှင့်အခြားမြို့နယ်ခေါင်းဆောင်များ တို့တက်ရောက်တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပါသည်။
ဤသင်တန်းတွင် လယ်မူလားမြို့နယ် ပလောက်တိုက်နယ်အုပ်စုအတွင်းရှိကျေးရွာပေါင်း (၁၀) ရွာမှ ကျေးရွာ ကော်မတီခေါင်းဆောင်များ စုစုပေါင်း (၄၉) ခန့် တက်ရောက်ခဲ့ပါသည်။
သင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မြို့နယ်အတွင်းရှိဦးဆောင်နေတဲ့ ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာကရင်လူငယ်ခေါင်းဆောင်များ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ လမ်းစဥ်နှင့် လုပ်ငန်းစဥ်များ သိရှိနားလည်ရန်၊ လက်ရှိနိုင်ငံရေးအခြေအနေသိရှိနားလည်ရန်၊ ခေါင်းဆောင်မှုစွမ်းရည် မြင့်တင်ပေးရန်၊ စုပေါင်းခေါင်းဆောင်မှုအားကောင်းလာရန်၊ ကော်သူလေးဥပေဒေဆိုင်ရာကြောင်းအရာ သိရှိနားလည်ရန် ဖြစ်သည်။
သင်တန်းအတွင်း သင်ကြားခဲ့သည့်ဘာသာရပ်များမှာ −
၁။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ လက်ရှိနိုင်ငံရေးလမ်းစဥ်နှင့် လုပ်ငန်စဥ်များ။
၂။ ကော်သူလေး ရာဇဝတ်ဥပဒေနှင့်ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ပြုစားခြင်းဆိုင်ရာအထူးအက်ဥပဒေ။
၃။ ကော်သူလေးတရားမမှုခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူး အက်ဥပဒေ
၄။ ခေါင်းဆောင်မှု အစရှိသည်တို့ဖြစ်သည်။