Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ဒူသထူၣ်ကီၢ်ရ့ၣ် ခိၣ်နၢ်တဖၣ် မၤဝဲတၢ်ထံၣ်လိၥ်အိၣ်သကိးဒီး ကမျၢၢ် ဖဲ သထူၣ်ကီၢ်ဆၣ်ဟီၣ်ကဝီၤပူၤ

၂၀၂၅ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်ခေါင်းဆောင်များမှ စီစဥ်ဆောင်ရွက်သော လူထူတွေ့ဆုံပွဲအား ခရိုင်၊တပ်မဟာ၊ မြို့နယ်၊တပ်ရင်း ခေါင်းဆောင်များ ပူးပေါင်းပါဝင်မှုဖြင့် သထုံမြို့နယ်အတွင်း လူထူတွေ့ဆုံပွဲများကို ၂၀၂၅ခုနှစ်၊မတ်လ(၇)နေ့မှ (၁၂)ရက်နေ့အထိ မြို့နယ်အတွင်းနေရာ(၆)နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကျင်းပပြုလုပ် လူထုတွေ့ဆုံပွဲများကို ကျား (၆၁၈)ဦးနှင့် မ (၆၈၆)ဦး လူဦးရေ စုစုပေါင်း (၁,၃၀၄) ဦး တက်ရောက်ခဲ့ပြီး လူထုတွေ့ဆုံပွဲ၏ရည်ရွယ်ချက်မှာ ကျေးနယ်များတွင် အရပ်သားပြည်သူများအား မြန်မာနိုင်ငံ ၏အုပ်ချုပ်မှုအဆင့်ဆင့်နှင့် နိုင်ငံရေးအခြေအနေ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နည်းဥပဒေ၊ ကရင်တော်လှန်ရေးလမ်းစဥ်လုပ်ငန်းစဥ်၊ကရင်လူငယ်အစည်းအရုံး၊ ကရင်အမျိုးသမီးအစည်းအရုံး ကော်မတီနှင့် ဌာနဆိုင်ရာ လုပ်ငန်းစဥ်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ဗဟုသုတမျှဝေခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။