Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ကၠိဖိလၢ ဖျိထီၣ်ကၠိတဖၣ် တၢ်ဟ့ၣ်လီၤဝဲ ဖျိကၠိအလံၥ်အုၣ်သး

မတ်လတ် (၂၂) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်မှ ၂၀၂၃ -၂၀၂၄ ခုနှစ်တွင် ဖြေဆိုခဲ့သော ကော်သူးလေ အစိုးရစစ် စာမေးပွဲအား အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများကို‌ အောင်လက်မှတ် ဂုဏ်ပြု ချီးမြှင့် ပေးခဲ့သည်။
အဆိုပါအခမ်းအနားအား ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဝင်းရေးမြို့နယ် ကရင်ပညာရေး နှင့် ယဉ်ကျေးမှုဌာနမှူး ပဒိုမန်းရှားတူဝေါ်နှင့် ခရိုင်၊ မြို့နယ်ရှိ ခေါင်းဆောင်တချို့ တက်ရောက် ဂုဏ်ပြု ခဲ့ကြပြီး ကျောင်းဆရာ ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့် ဒေသခံရွာသားများ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကာ ၂၀၂၃-၂၀၂၄ ခုနှစ် ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲကို အောင်မြင်စွာဖြေဆို ခဲ့ကြ သော Grade - 6,9,12 ကျောင်းသား ကျောင်းသူများအား အောင်လက်မှတ်များဖြင့် ဂုဏ်ပြု ချီးမြှင့် ခဲ့သည်။
ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး၏ အုပ်ချုပ်နယ်မြေတွင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန ၏ ကော်သူးလေ အစိုးရစစ်စာမေးပွဲအား နှစ်စဉ် စာမေးပွဲစစ်ကာ အောင်လက်မှတ်များကိုလည်း နှစ်စဉ် နှစ်တိုင်းဂုဏ်ပြု ချီးမြှင့်ပေးခဲ့သည်။