၂၀၂၅ ခုနှစ်၊ဧပြီလ (၃) ရက်၊ ကေအဲန်ယူ- ဗဟို။
ကရင်လူငယ်အစည်းအရုံး - ဗဟိုမှ ၆ ကြိမ်မြောက်ကွန်ကရက်ပြုလုပ်ကျင်းပအပြီး ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းဝေးကို (၂၀၂၅)ခုနှစ်, မတ်လ (၁၃)ရက်မှ(၁၆)ရက်ထိ (၄)ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။ ဤကရင်လူငယ်အစည်းအရုံးနှစ်ပတ်လည်အစည်းအဝေးသို့ ဗဟို၊ခရိုင် နှင့် ဒုက္ခသည်စခန်းများရှိ ကရင်လူငယ်ခေါင်းဆောင်(၄၅)ဦး တက်ရောက်ခဲ့ကြသည်။
ဤနှစ်ပတ်လည်အစည်းအဝေးသည် ကရင်လူငယ် အစည်းအရုံးကွန်ကရက်ကဲ့သို့ အရေးကြီးသောအစည်းအဝေးဖြစ်ခဲ့ပြီး ခရိုင်လူငယ်များ သာမက ဒုက္ခသည်စခန်း(ဒဲကဝေါ်) ကရင်လူငယ်အစည်းအရုံး ကိုယ်စားလှယ်လူငယ်များ တက်ရောက်လာခဲ့ကြသည်။ ဤ နှစ်ပတ်လည်အစည်းအဝေးကို ခရိုင်အသီးသီးများဖြစ်သော ဒူးသထူခရိုင် ၊ တောအူးခရိုင် ၊ ခလယ်လွီထူခရိုင်၊ဘိတ်ထားဝယ်ခရိုင်၊မူတြော်ခရိုင်၊ဒူးပလာယာခရိုင်နှင့်ဖားအံခရိုင်ကရင်လူငယ်အစည်းအရုံးတို့မှ ခေါင်းဆောင်များနှင့် စခန်းကရင်လူငယ်အစည်းအရုံးများ ဖြစ်သော မယ်ရာမူ၊ မယ်လ၊ မယ်လအူးတို့မှကရင်လူငယ်ခေါင်းဆောင်များအသီးသီး တက်ရောက်ခဲ့ကြပြီး နှစ်ပတ်လည် အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေကိုသုံးသပ်ခြင်းနှင့်အတူ လူငယ်တွေရဲ့ပူးပေါင်း ပါဝင်မှု များအားကောင်းလာရန်အတွက် လူငယ်ခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။ဤအစည်းအဝေးတွင် လူငယ်များဆွေးနွေးတင်ပြမှုအပေါ် အစည်းအဝေးဆုံးဖြတ် ချက် (၁၃)ချက် နှင့် သဘောထား (၄)ချက်ရရှိခဲ့ပြီး (၂၀၂၅)ခုနှစ်အတွက်ရှေ့လုပ်ငန်းစဉ် (၂၅)ချက် ချမှတ်နိုင်ခဲ့သည်။
ကရင်လူငယ်အစည်းအရုံးသည် ဒီဇင်ဘာ(၁၅)ရက်,(၁၉၄၅)ခုနှစ်တွင် ပထမကြိမ်ဖွဲ့စည်းခဲ့ပြီး (၁၉၄၇) ခုနှစ်တွင် (KNU)ကိုဖွဲ့စည်းရာတွင်ပါဝင်သော အဖွဲ့အစည်း(၄)ဖွဲ့အနက် ကရင်လူငယ်အစည်းအရုံး (KYO)လည်း ပါဝင်ခဲ့သည်။ သို့သော် ရန်သူ၏ သပ်လျှိုသွေးခွဲမှု နှင့် နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ကရင်လူငယ်အစည်းအရုံးသည် မှေးမှိန်းပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ကရင်အမျိုးသားတော်လှန်ရေး လိုအပ်ချက်အရ ကေ၀ိုင်အို-ကရင်လူငယ်အစည်းအရုံး ကို ၁၉၈၉ ခုနှစ် မေလ ၂၃ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး -ဗဟိုဌာနချုပ်ဖြစ်သည့် မာနေပလောတွင် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့ည်။