Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ဖားအံခရိုင် အထက်တန်းကျောင်း ကျောင်းဖွင့်ပွဲ အခမ်းအနားနှင့် ကျောင်းသူ/ သားများအား အောင်လက်မှတ် ပေးအပ်ခြင်း အခမ်းအနား ကျင်းပ


ဇွန် ၁၄၊ ၂၀၂၂။ ဖားအံခရိုင်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ အမှတ်(၁) တပ်မဟာ၇/ဖားအံခရိုင် အထက်တန်းကျောင်း ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းဖွင့်ပွဲနှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်Grade-9အောင် ကျောင်းသား/သူများအောင်လက်မှတ် ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၁၃ရက် မနက်၉နာရီအချိန်တွင် ကျောင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ အခမ်းအနားမှူးက အခမ်းအနားအစီအစဉ်များကိုဖတ်ကြားခဲ့ပြီး သဘာပတိအဖြစ် ဖားအံခရိုင် ပညာရေးမှူး ပဒိုစောဖလဲ့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆရာမနော်မုထူက ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဆရာ/မ နှင့် ကျောင်းသား/သူဦးရေ စာရင်းအား တင်ပြခဲ့ပြီး ဆရာ/မများက တေးသီချင်းဖြင့် ဖျော်ဖြေသီဆိုခဲ့သည်။

ဆက်လက်ပြီး ၂၀၂၁-၂၀၂၂ပညာသင်နှစ် ကော်သူးလေအစိုးရစစ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသော Grade-9အောင် ကျောင်းသား/သူများကို အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဖားအံခရိုင် Top-10စာရင်းဝင် Grade-9ကျောင်းသား/သူ (၄)ဦးကို ဂုဏ်ပြုဆုအသီးသီးချီးမြှင့်ခဲ့သည်။

၎င်းနောက် တက်ရောက်လာကြသောခေါင်းဆောင်များမှ ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်ဧ၊ ကျောင်းကော်မတီဥက္ကဌ ပဒိုစောလေးတော၊ ကျောင်းကော်မတီအဖွဲ့ဝင် ပဒိုစောဝါး၊ KECDမှဆရာတစ်ဦးတို့မှ အားပေးစကားအသီးသီးပြောကြားခဲ့သည်။

ထို့နောက် သဘာပတိကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့်ရုပ်သိမ်းခဲ့သည်။ အခမ်းအနားကို ခရိုင်/တပ်မဟာမှ ခေါင်းဆောင်အချို့၊ ဒေသခံကျောင်းသား မိဘများနှင့် ကျောင်းသား/သူများ အပါအဝင် လူဦးရေ (၅၀၀)နီးပါး တက်ရောက်ခဲ့သည်။