Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အထက်တန်းကျောင်းစတင်ဖွင့်လှစ်


ဇွန်လ (၇) ရက်၊ ၂၀၂၂ ခုနှစ် KNU-ဗဟို
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်,မုန်းမြို့နယ်တွင်းရှိ တာမလာပေါ ညားအထက်တန်းကျောင်းကို ဇွန်လ (၇) ရက်နေ့မနက် (၈) နာရီအချိန်တွင် ကျောင်းဖွင့်ပွဲအစီအစဉ် ပြုလုပ်ခဲ့ပါသည်။
ကျောင်းဖွင့်ပွဲအစီအစည်ကို ကျောင်းကော်မတီမှ ဉီးဆောင်ဖွင့်လှစ်ပြီး ကျောင်းသားမိဘများနှင့် ကျောင်းသူ/သား များအပြင် မြို့နယ်အဆင့်တာဝန်ရှိခေါင်းဆောင်များနှင့် ခရိုင်အဆင့်ခေါင်းဆောင် တစ်ချို့တက်ရောက်ခဲ့ကြသည်။

အစီအစဉ်တွင် ကျောင်းကော်မတီမှအဖွင့်စကားပြောပြီး မြို့တာဝန်ရှိခေါင်းဆောင်များနှင့် ခရိုင်တာ ဝန်ရှိခေါင်းဆောင်များမှ တစ်ဉီးချင်းစီအားပေးစကားပြောကြားခဲ့ပြီးနေ့လည် (၁၂) အချိန်တွင် အစီအ စဉ်ပြီး ဆုံးခဲ့သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ,မုန်းမြို့နယ် တွင်းရှိ တာမလာပေါညားအထက်တန်း ကျောင်းကို ဇွန်လ(၈)ရက်နေ့တွင် ကျောင်းစတင်တက်မည်ဖြစ်ပြီး ကျောင်းသားဉီးရေမှာလည်း ယမန်နှင်ကထက် ပို၍များလာကြောင်းလည်းသိရသည်။

လက်ရှိအချိန်တွင် စာရင်းများအရ ကျောင်းသားဉီးရေမှာ (၄၅၀)ဉီးထိရှိပြီး ထပ်၍တိုးလာနိင် ချေရှိကြောင်း လည်းသိရှိရပါသည်။ အလားတူပင် ဇွန်လ(၇)ရက်နေ့မှာပင် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး မုန်းမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ် ကျောင်းများ လည်းစတင်ဖွင့်လှစ်ကြောင်းလည်းသိရပါသည်။