Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ဝင်းတာပန် စစ်ကောင်စီ- BGF ပူးပေါင်းစခန်းမှ ရွာသားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၂၀ရက်၊ သထုံခရိုင်
ဇန်နဝါရီလ ၁၈ ရက် ညနေ ၇ နာရီ ဝန်းကျင်က ကအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးပေါင်း စခန်း(ဝင်းတာပန်)မှ ဆိုင်ကယ်မောင်းနှင်လာသော အသက် (၂၂)နှစ်ရှိ စောစိုးသူ ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
စောစိုးသူသည် လေးကေကျေးရွာသားဖြစ်ကာဝင်းတာပန် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်စခန်းရှေ့မှဖြတ်သန်း၍ ဆိုင်ကယ်မောင်းနှင်သွားချိန် နောက်ကျောဖက်မှ သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံခဲ့ပြီး ညာဖက် ရင်အုံ ထုက်ခြင်းပေါက် သွားခဲ့ကာ ဒဏ်ရာအပြင်း အထန်ရရှိခဲ့ပါသည်။ စောစိုးသူသည် ယခုအခါ လေးကေ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရကြောင်းသိရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ရက် နေ့ကလည်း တပ်မ (၂၂) လက်အောက်ခံ ခလရ (၂၀၁) တပ်ရင်းမှ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ လေးခေါ့ထေ ကျေးရွာနှင့်ထော်ကလော်ခီး ကျေးရွာကြား တွင်အသက် (၆၀) နှစ် အရွယ်ရှိ အဘွားအိုတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သေးသည်။