Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ကီၢ်သူလ့ၤတၢ်ပၢဟီၣ်ကဝီၤ ၂၀၂၄ နံၣ်အတီၢ်ပူၤ တၢ်ဒုးကဲထီၣ်ဝဲအဘျီတဖၣ် ဒီး ဒုၣ်ဒါသံ/ဘၣ်ဒိအနီၣ်ဂံၢ်တဖၣ် တၢ်ပၥ်ဖျါ

ဇန်နဝါရီလ (၂၄) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း ဝင်ရောက်ကျူး ကျော် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထပ်မနည်း ဖြစ်ပွားခဲ့ သည်။

တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များထံမှ အရာရှိ အရာခံများအပါအဝင် တပ်သာ (၃၁၃၆) ဦး ထပ်မနည်း သေဆုံးခဲ့ရပြီး (၂၂၂၅) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ရာနှင့်ချီသော ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့သော ရဲဘော် (၁၀၀) ဦးခန့် မှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၃၂၅) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။