Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
အာဏာသိမ်း စစ်ကောင်စီနှင့် (BGF-၁၀၁၄)ပူးပေါင်း တပ်ဖွဲ့မှ အရပ်သား(၁)ဦးကို သတ်ဖြတ်ခဲ့။ လေးကေနှင့် ဝင်းတာပန် BGF စခန်းများသို့ စစ်ကူရန်စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေ။

အာဏာသိမ်း စစ်ကောင်စီနှင့် (BGF-၁၀၁၄)ပူးပေါင်း တပ်ဖွဲ့မှ အရပ်သား(၁)ဦးကို သတ်ဖြတ်ခဲ့။ လေးကေနှင့် ဝင်းတာပန် BGF စခန်းများသို့ စစ်ကူရန်စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေ။
၂၀၂၂ ခုနှစ်၊ မေလ ၆ရက်၊ ကေအဲန်ယူ ဗဟို
မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီနှင့် (BGF-၁၀၁၄)ပူးပေါင်း တပ်ဖွဲ့များသည် ကေအဲန်ယူ- သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်းရှိ ထီးကျူကျေးရွာနှင့် မဲသန ကျေးရွာအကြား(ကျေဖာလဲ့)တွင် အရပ်သားတစ်ဦးကို သေနတ် ဖြင့်ပစ်သတ်ခဲ့ကြောင်း ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းဌာနခွဲမှ သတင်းပေးပို့သည်။
စစ်ကောင်စီနှင့် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်သတ်ခြင်းခံခဲ့ရသူမှာ ထီးကျော်ခီးကျေးရွာတွင် နေထိုင်သော အသက် (၄၂) နှစ်ရှိ စောဖားတရုတ်ဖြစ်ပြီး ထီးကျော်ခီး ကျေးရွာလူကြီးဟောင်းဖြစ်ကြောင်းသိရသည်။ "စောဖားတရုတ်က ကျေဖာလဲ့မှာ ဆိုင်ကယ်နဲ့ နွားစာသွားယူတာတဲ့၊ BGF နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေ က ဆိုင်ကယ်ကိုရပ်ဖို့ လှမ်းပြောတာ ဆိုင်ကယ်သံနဲ့ဆိုတော့ မကြားတာလည်းဖြစ်နိုင်တယ်၊ အဲဒါကို နောက်ကျောဖက်က သေနတ်နဲ့ပစ်တာ တင်ပါးကနေ အရှေ့ဖက် ဆီးအိမ်ကို ပေါက်ထွက်ပြီးသေသွားတယ်" ဟု မြေပြင်အသတင်း အရင်းအမြစ်မှပြောသည်။
BGF- ၁၀၁၄ တပ်ရင်းသည် BGFဗိုလ်မောင်ချစ် ဦးဆောင်သော တပ်ရင်းဖြစ်ပြီး ကေအဲန်ယူ-ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်နှင့် လေးကေ BGF စခန်းများသို့ စစ်ကူ ပေးရန် လာရောက်ခြင်းဖြစ် ကြောင်း သိရသည်။
"လေးကေနဲ့ ဝင်းတာပန်စခန်းတွေအတွက် စစ်ကူလာပေးတာလို့သိရတယ်၊ သူတို့စထွက်တာက မိတ္ထီလာ (ဘုရားကုန်း) BGF- ၁၀၁၄ စခန်းကနေ ကေအဲန်ယူဖားအံမြို့နယ်ထဲက ထီးကျူရွာ၊ နို့အောလာရွာ အဲဒီကတစ်ဆင့် ဝင်းတာပန်နဲ့ လေးကေ ဖက်ကိုတက်သွားတယ်" ဟု ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းတာဝန်ခံပြောသည်။
အဆိုပါ BGF-၁၀၁၄နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့သည် ခန့်မှန်းအင်အား (၃၀ နှင့် ၅၀ဦး အကြား)ရှိသည်ဟုသိရပြီး စစ်ကူသွားရာ လမ်းတစ်လျှောက်မှ ဒေသခံပြည်သူ (၄၀)ဦးကျော်အား လူသားဒိုင်းအဖြစ်အသုံးချရန်နှင့် စားနပ်ရိက္ခာ၊ စစ်သုံးပစ္စည်းများ သယ်ခိုင်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။