Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေရှိ ကျေးရွာ(၃)အုပ်စုအား အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာမှ ထွက်ခွာကြရန် မတရားခြိမ်းခြောက် သတိပေးမောင်းထုတ်


ဇွန်လ(၂၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ဇွန်လ(၂၃)ရက် ညနေ(၆)နာရီအချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ ကျေးရွာအုပ်စု(၃)အုပ်စုအား ၎င်းတို့၏ ကျေးရွာမှ ထွက်ခွာကြရန် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ မတရားခြိမ်းခြောက် သတိပေး မောင်းထုတ်ခဲ့သည်။

၎င်းတို့၏ ကျေးရွာတွင်းသို့ ကေအဲန်ယူမှ ဝင်ထွက်သွားလာကြသည်ကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား ကျေးရွာမှ အသိမပေးခြင်း၊ ကေအဲန်ယူကို ကျေးရွာမှလက်ခံခြင်းနှင့် ကေအဲန်ယူ နှင့် ချိတ်ဆက် ဆက်သွယ်သည်ဟု စွပ်စွဲကာ မောင်းထုတ်ခြင်းဖြစ်သည်။ ထိုသို့ မတရားခြိမ်းခြောက်သတိပေး မောင်းထုတ်သည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ခမရ-၂၀၊ ခမရ -၁၂၄၊ ခမရ-၄၃၉၊ ခမရ-၃၅၀ ပူးပေါင်းတပ် ဖြစ်ပြီး ခမရ-၂၀တပ်ရင်းမှူးမှ ဦးဆောင်ပြီး ကျေးရွာပြည်သူလူထုများ ကျေးရွာမှ မထွက်ခွာလျှင် ကျေးရွာတွင်းသို့ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

သို့သော် ကျေးရွာပြည်သူလူထုမှ ၎င်းတို့၏ ကျေးရွာမှ မထွက်လိုကြသလို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ အကြမ်းဖက် ဖယ်ရှားမည်ကို စိုးရိမ်ကြလျက်ရှိသည်။ ၎င်းကျေးရွာ (၃) အုပ်စုမှာ ကျေးရွာ(၈)ရွာရှိ ဒလဆိပ်ကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာရှိ ဟင်္သာဝဲကျေးရွာအုပ်စုနှင့် ကျေးရွာ(၄)ရွာရှိ ထိုးဝါးစိုက်ကျေးရွာအုပ်စုတို့ဖြစ်ကြပြီး အိမ်ခြေစုစုပေါင်း (၁၅၅၁)အိမ်နှင့် လူဦးရေစုစုပေါင်း (၈၂၃၀)ဦးရှိကြသည်။

ယခုအချိန်ကာလသည် မိုးရာသီဖြစ်သောကြောင့် ကျေးရွာပြည်သူလူထုအတွက် နေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေး၊ သွားလာရေးနှင့် ရွှေ့ပြောင်းရေးအတွက် များစွာအခက်အခဲဖြစ်သည့် အချိန်ကာလဖြစ်သည်။